Professional Authors

ရေပေါ်ပန်းချီကား

ကျေးဇူးပြုပြီး တံဆိပ်မကပ်ပါနဲ့
အနူတ်သက်သက်နဲ့ သုညဘ၀ ရယ်ပါ
ကောလဟာလ ဆိုတာ သည်းခြေကြိုက်
ကိုယ့်ဇာတ်လမ်းတော့ ကိုယ်သာဇာတ်လိုက်ဖြစ်ချင်တယ်
အစကတည်းက အလဲလဲအကွဲကွဲ
ကံဆိုးမနောက်လိုက်ရွာတဲ့မိုးက ပိုသည်းသလိုပဲ
ပကာသနယိုရွဲနေတဲ့ငါ့ဘ၀ထဲ
မရဲတရဲတော့ မင်းအလည်လာဖူးသေးတယ်
ချစ်ကြိုက်ကွဲညား ဇာတ်ကားတွေထဲကလို ထပ်တူမကျ
မင်းနဲ့ ငါက ဘက်မှ မတူတာ
လူမှာလေ အဆင့်အတန်းနဲ့ တဲ့
အမြင့်မှန်းခေါင်းမော့နေကျ မင်းအသိုင်းအ၀ိုင်းကြား
ငါက အပျင်းပြေ ၀ါးတဲ့ နေကြာစေ့သာသာ
လူ့ဘ၀ကို အလည်လာကတည်းက ဗလာသက်သက်
နှုတ်ဆက်ချိန်ရောက်ရင်လဲ သုညပဲရှိမှာပါ
သိသာပါတယ် မင်းရဲ့ ဒဂါင်္းစေ့ တံဆိပ်ကပ် မှတ်ချက်တွေထဲ
မျက်နှာမွဲ တစ်ကောင်ခေါင်းငုံ့အရှုံးပေး
အသိုင်းအ၀ိုင်းဆိုတဲ့ ဆေး က ခါးတယ်
အိမ်မက်တွေဝိုးတိုးဝါးတားနဲ့  လမင်းမျှားချင်သူတစ်ယောက်
အထီးကျန်ကောင်းကင်အောက်မှာ လက်မှိုင်ချ
ငါဆင်းမိသမျှ အလွမ်းမှတ်တိုင်တွေချည်းပါပဲကွာ    ။

In: ကဗျာ Posted By: Date: Aug 21, 2012
Comment #1

အို့အို ပက်ပင်းကြီးကို ဝင်တိုက်မိသွားတယ်။

commentinfo By: htatmyataung at Aug 21, 2012
Comment #2

အလွမ်းမှတ်တိုင်တွေချည်းပါပဲကွယ်

commentinfo By: htatmyataung at Aug 21, 2012
Comment #3

wow,,
nice creation.
both title & poem r really nice

commentinfo By: ei lay at Aug 21, 2012
Comment #4

အသိုင်းအ၀ိုင်းဆိုတဲ့ ဆေး က ခါးတယ်…. right!!!

commentinfo By: moezat at Aug 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment