Professional Authors

နံနက်ခင်းမှာ ရောက်ခဲ့မိသမျှ

ကိုယ်ရှာနေတဲ့ပစ္စည်း မရှိမှန်း သိသိချည်းနဲ့
ယွန်းဗူးတစ်ခုကို အဖုံးဖွင့်ကြည့်မိလိုက်သလိုမျိုး…
မျှော်လင်းခြင်းဆိုတာ သာမရှိခဲ့ရင်
ဘ၀မှာ ပိုပြီး နေပျော်လိမ့်မယ်ထင်တယ်
မြူတွေဆိုင်းထားတဲ့ တောင်တန်းကြီးတွေရဲ့
ခန့်ထည်မူမျိုးနဲ့ပေါ့…
မြောက်မှ တောင် စီးနေတဲ့ မြစ်တွေထဲကမှ
အရှေ့ကနေ အနောက်
ကိုးလိုးကန့်လန့် မြစ်တစ်စင်းပါမေမေရယ်…
အခု သမီးရဲ့ ရှေ့မှာ ကျောက်စရစ်ခဲ ဖြူဖြူလေးတွေ
မနင်းရက်လို့ မြေနီလမ်းကလေးအတိုင်းပဲ
ဆင်းလျှောက်လိုက်ပါတယ်…
မျိုးကျော့မြိုင်ရဲ့
“ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး”
သီချင်းကို နားထောင်ခဲ့တယ်
ဆံပင်ရှည်တစ်ခါလောက်တော့ ထားကြည့်ပါဦးမယ်…။

In: ကဗျာ Posted By: Date: Aug 20, 2012
Comment #1

he,,he
ei lay ka dot sa pin shay lone wa kyike bu

commentinfo By: ei lay at Aug 20, 2012
Comment #2

မာရဇ္ဇ သီချင်းက မျိုး​ကျော့မြိုင်​ ဖြစ်​သွားတယ်​ သူလုပ်​မှပဲ

commentinfo By: Vino at Apr 29, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment