Professional Authors

အဲဒီနေ့က… (မိုးဇက်)

အဲဒီနေ့က…
အပြင်မှာလည်းမိုးရွာတယ်
ငါ့မျက်ဝန်းမှာလည်းငွေ့ရည်ဖွဲ့တယ်
မတားရက်တော့ပါဘူး
မကန့်ကွက်ရက်ပါဘူးချစ်သူ
ငါ့ရင်တွေဗလောင်ဆူနေလို့ပါ…….။

အဖြူရောင်ဂါဝန်လေးနဲ့မင်း
သစ္စာပန်းစည်းလေးကိုင်ထားတဲ့မင်း
ထင်းနေအောင်လှတယ်….ချစ်သူရယ်။

ဝန်ခံချက်တွေပေးနေလိုက်တာများ
အိုသည်ဖြစ်စေ နာသည်ဖြစ်စေ သေသည်ဖြစ်စေ တဲ့
ဂတိသစ္စာတရား ဆိုတာ
မင်းရင်မှာတကယ်ရှိရဲ့လား….ချစ်သူရာ။

ငါရဲ့နောက်ဆုံးမြင်ကွင်း
ဘုရားကျောင်းကြီးရဲ့ဝန်းထဲမှာ
မင်းအပြုံးပန်းတွေဝေနေလိုက်တာများ
ပျော်နေလိုက်တာများ
ငါမဟုတ်တဲ့ တခြားတယောက်နဲ့ဆိုတော့
ငါမနာလိုတော့ဖြစ်မိတယ်  ချစ်သူရယ်….။

ကန့်ကွက်မယ့်သူရှိပါသလား…..?
ကန့်ကွက်မယ့်သူရှိပါသလား…..?
ကန့်ကွက်မယ့်သူရှိပါသလား…..?
အဲလိုမေးသံအကြားမှာ
ငါ့နှလုံးသားဟာ တစ်စစီကွဲ
ငါ့အိပ်မက်တွေလည်းပြိုလဲသွားတယ်…..။

In: ကဗျာ Posted By: Date: Aug 19, 2012
Comment #1

ဝန်ခံချက်တွေပေးနေလိုက်တာများ
အိုသည်ဖြစ်စေ နာသည်ဖြစ်စေ သေသည်ဖြစ်စေ တဲ့
ဂတိသစ္စာတရား ဆိုတာ
မင်းရင်မှာတကယ်ရှိရဲ့လား….ချစ်သူရာ။
………………………………………………….
…………………………………………………..
……………………………………………………
ကန့်ကွက်မယ့်သူရှိပါသလား…..?
အဲလိုမေးသံအကြားမှာ
ငါ့နှလုံးသားဟာ တစ်စစီကွဲ
ငါ့အိပ်မက်တွေလည်းပြိုလဲသွားတယ်…..။

အားပေးသွားပါတယ်

commentinfo By: sitayenyein at Aug 20, 2012
Comment #2

အားပေးသွားပါတယ်… ခံစားချက်တွေပြင်းထန်လှချည်လား…

commentinfo By: မင်းကိုချစ်တဲ့သူ at Aug 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment