Professional Authors

အတိတ်က အကြောင်းတွေ ကဗျာ မစပ်ကြေးဆိုရင်

ငါ…
တစ်ခါ တစ်ခါ ဒီလိုတွေးကြည့်ဖူးတဲ့
အတိတ်က အကြောင်းတွေ
ကဗျာ မစပ်ခဲ့ကြရင်
ရခဲ့ဖူးတဲ့ ဒဏ်ရာတွေလည်း
အမြှစ်ပျောက်တာ ကြာပြီ …..

ငါ ….
တစ်ခါ တစ်ခါ ဒီလိုတွေးကြည့်ဖူးတယ်
အတိတ်က အကြောင်းတွေ
အင်တာဗျူး မလုပ်ကြေးဆိုရင်
နာကျင်စရာလည်း ပြန်သတိမရ
ဟာနေတာလည်း ပြန်သတိမထား
ငါ့လိုလူတွေ နေတတ်သွားတာ ကြာပြီ။

အတိတ်ကဗျာတွေ ဖတ်ဖတ်ရတာ မောတယ်
ကဗျာတစ်ချို့တွေ အဆိပ်ထည့်ထည့်ထားသလို
ဖတ်ပြီး ဒဏ်ရာတွေထလာတယ်

ငါ.. တစ်ခွန်းပဲပြောပစ်လိုက်မယ်
နင်…ငါ့ကို
အတိတ်ထဲ ပြန်ပြန် မဆွဲနဲ့
ငါ …
တစ်ခါ တစ်ခါ ဒီလိုတွေးကြည့်ဖူးတယ်
နင်….
ဒီလို မရက်စက်ခဲ့ရင်
ငါ့သမိုင်းမှာ နာကျည်းစရာ ဒဏ်ရာ
ငါ့ လက်ရှိမှာ လိုအပ်တာ ဟာတာတာ(ဘာဘာညာညာ)
ငါ ….
တစ်ခါ တစ်ခါ  ဒီလို တွေးကြည့်မိမှာ မဟုတ်ဘူး။

တစ်ခါက ရွှေမင်းသား
ယခု )( ကတုံးလေး

In: ကဗျာ Posted By: Date: Aug 15, 2012
Comment #1

ငါ …
တစ်ခါ တစ်ခါ ဒီလိုတွေးကြည့်ဖူးတယ်
နင်….
ဒီလို မရက်စက်ခဲ့ရင်…..

သတိတရဖြင့် လွမ်းတယ်မင်းသမီးရယ်…. 🙂 🙂

commentinfo By: moezat at Aug 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment