Professional Authors

အမှတ်တရရ မရရ

ကျွန်တော် … ဖြစ်ပျက်ဖူးတဲ့ အတိတ်ထဲ
မျက်စိလည် လမ်းမှားလို့ ဒဏ်ရာထပ်ရခဲ့တယ်

ဟိုတစ်နေ့က …ယမန်နေ့က …. မနေ့က
သူ့အကြောင်းစဉ်းစားရင်း အတွေးနယ်ချဲ့
ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့တယ်
အာရုံ တစ်ခုလုံး ချုပ်ကိုင်ခံလိုက်ရတယ်။
မေ့တော့မယ့်ဆဲဆဲ
တိုက်ဆိုင်မှုတစ်ခုပြီး တစ်ခု ၀င်လာ
ဒဏ်ရာတွေ ကျက်တော့မယ့်ဆဲဆဲ
တစ်ခုခုနဲ့ ၀င်ဆောင့်ခံလိုက်ရတယ်။

အတိတ်က ငြိစွန်းခဲ့တဲ့ ပြစ်မှုကြောင့်
ရောက်လုဆဲ စိတ်ကူးယဉ်နန်းတောင်ထဲက
ဆွဲချလည်း ခံရတယ်။

နောင်တလည်း မရချင်တော့ဘူး
နောင်လည်း မ တ တော့ဘူး……..

အတိတ်အကြောင်းလည်း ကဗျာ မစပ်ကြပါနဲ့တော့
စကားမစပ် စကားထဲလည်း ထည့်မပြောကြပါနဲ့တော့
မေးလည်း မမေးကြပါနဲ့တော့
အားလုံးကို မေ့ချင်ယောင်ဆောင်နေကြစို့။

ဇာတ်သိမ်းခန်းကို ပြင်ဆင်ရင်းကပဲ
ငါက အဓိက ဇာတ်ရုပ်နေရာကို ပြန်ပြန်ရောက်သွားသလို
ဒီအကြောင်း ဒီကဗျာကိုပဲ ဆက်ရေးနေမိ……..။။။

ကျွန်တော့ ကဗျာကို လာဖတ်တဲ့ ရောင်းရင်းများအားလုံးကို အစဉ်လေးစားလျှက်
ကတုံးလေး။

In: ကဗျာ Posted By: Date: Aug 15, 2012
Comment #1

ကျွန်တော်အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment