Professional Authors

အဲ့ဒီ ဝေးကွာမှု့တစ်ခုစရောက်ကတည်းက မျက်လုံးတွေကိုက်လာတယ်

အဲ့ဒီ ဝေးကွာမှု့တစ်ခုစရောက်ကတည်းက မျက်လုံးတွေကိုက်လာတယ်

အရာရာအပစ်ချခံနေရတဲ့ အခြေအနေသို့ရောက်သောအခါ
ခေါင်းစဉ်နဲ့တူသော အတွင်းစာသားတွေ
အတွင်းစာသားနဲ့တူသော ခေါင်းစဉ်တွေ
အရာရာအပြိုလဲခံ အခြေအနေသို့ရောက်သောအခါ…

လှည့်ကြည့်မနေပါနဲ့ဆိုတာပဲရေရွတ်နေမိတယ်
ဆိုလိုတာကလှည့်ကြည့်စရာမလိုအောင်ကိုဖြစ်ချင်ခဲ့တာ
လှည့်မကြည့်တာကတော့တခြားသဘောနဲ့ဖြစ်သွားတယ်
Give me all ur poison ! သတိရမိတယ်…

တကယ်ပဲပြီးရတော့မှာလား ဝေးပြီလား
နီးတော့လည်းမနီးချင်ခဲ့ပေမယ့် ဝေးတော့လည်းမဝေးချင်ခဲ့ဘူး
အတွေးတွေနဲ့ အတွေးတွေသာ သာမန်ထက်လွန်ကဲတဲ့ စိတ်တစ်ခုက
ဖုန်မှုန့်တွေကိုဖြစ်စေတယ် တစ်ခန်းလုံးအသံမထွက်တတ်တဲ့
စကားလုံးတွေရှိတယ် နားလည်ထားတဲ့ သဘောမျိုးနဲ့ပဲ
လှည့်ကြည့်မနေပါနဲ့တော့…။…။

မြေနံ့
၁၅.၇.၂၀၁၂

In: ကဗျာ Posted By: Date: Aug 12, 2012
Comment #1

နီးခြင်းဝေးခြင်းကြားမှာ . . အတွေးတွေသာ

မိုက်တယ်ညီမလေးး . . မတွေ့တာကြာပြီ 🙂

commentinfo By: နတ်သမီး at Aug 13, 2012
Comment #2

ခေါင်းစဉ်က အစ အဆုံးထိ ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #3

နီးတော့လည်းမနီးချင်ခဲ့ပေမယ့် ဝေးတော့လည်းမဝေးချင်ခဲ့ဘူး

commentinfo By: May Kha at Aug 13, 2012
Comment #4

အဲ့ဒီ ဝေးကွာမှု့တစ်ခုစရောက်ကတည်းက မျက်လုံးတွေကိုက်လာတယ်
…ဟုတ်တယ်ဗျ…တကယ်ကို…ကောင်းတဲ့ကဗျာလေးပဲ…ကြိုက်တယ်…

commentinfo By: poem.poem28 at Aug 14, 2012
Comment #5

လှည့်ကြည့်မနေပါနဲ့ဆိုတာပဲရေရွတ်နေမိတယ်
ဆိုလိုတာကလှည့်ကြည့်စရာမလိုအောင်ကိုဖြစ်ချင်ခဲ့တာ
လှည့်မကြည့်တာကတော့တခြားသဘောနဲ့ဖြစ်သွားတယ်
Give me all ur poison ! သတိရမိတယ်…

commentinfo By: zawthetoo at Aug 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment