Professional Authors

ဘဝ အနိမ့် အမြင့် လှေခါးထစ်များ

ဘဝ အနိမ့် အမြင့် လှေခါးထစ်များ

 

အပျော်တမ်းဆိုတာ….

အထက်တန်း အလွှာရဲ့

ကစားစရာ အရုပ်ကလေး တစ်ခုလို့

သတ်မှတ်ထားတဲ့ ကျေးကျွန်ပေါ့…။

 

အနိမ့် အမြင့် မညီညာတဲ့

ဘဝ နှစ်ခုထဲမှာ

အမြင့်က ကြည့်ရင် အဆင်း

အနိမ့်က ကြည့်ရင် အတက်

အမြင် တယ်လီစကုတ်ခြင်း မတူညီဘူးလေ..။

 

ဘဝတကွေ့ရဲ့ ပြိုင်ပွဲတွေမှာ

ပြေးပွဲတစ်ခုအတွက် ခွန်အားစိုက်လို့

အားကုန်ပြေးလမ့်မယ်

ယှဉ်ပြိုင်ချင်လို့ မဟုတ်ဘူး..။

 

မညီညာတဲ့ ဘဝလှောင်အိမ်ထဲ

ခေါင်းငုံထားလို့ အကြောက်တရားနဲ့

ဦးညွတ်သွားတာတော့ မဟုတ်ခဲ့ဘူး…။

 

အမှန်တရားတွေ ငြိမ်သက် တိတ်ဆိတ်သွားပေမဲ့

အမှားဘက်ကို လှမ်းတက်နေတာတော့ မဟုတ်ဘူး..။

 

အကွေ့အပတ် တစ်ခုတွင်းမှာ

ငြိမ်သက်နေတာ ကြောက်လို့ မဟုတ်ဘူး..။

 

ဖိအားတစ်ခုကြောင့် ဒူးထောင့်သွားတာ

အညံ့ခံလိုက်တာတော့ မဟုတ်ဘူး..။

 

ဘဝတကွေ့မှာ တခဏတာ

အရှုံးပေးလိုက်ခြင်းက မနိုင်လို့ မဟုတ်ဘူး…။

 

နှုတ်ခမ်းလေးတုန်ခါနေလို့ ဒေါသထွက်နေတယ်လို့

မထင်လိုက်ပါနဲ့ တဖန် ခွန်အားတွေကို မွေးဖွားနေတာပါ..။

 

ဝုန်းခနဲ့ ပစ်ပေါက်မိတဲ့

ပေါက်ကွဲလာ နဂါးမီးဗုံးလို

အကြည့်တွေက ဓားသွားတစ်ခုလို

ခန္ဓာကိုယ်တစ်ခုလုံး ဆက်ဆက် တုန်ခါနေသလို

မျက်ဝန်းအိမ် နီရဲနေတာတွေက

စိုးရိမ် ကြောက်စိတ်တွေတော့ မဟုတ်ဘူး…။

 

ဘဝထဲက ဆေးတစ်ခွက် သောက်မိလိုက်တယ်

ထောင်းခနဲ ကြွတက်လာတယ်

အတွင်းပိုင်းက ယိုစီးလာတဲ့

ခွန်အားတွေကို ထိန်းသိမ်းဖို့ဆိုတာ

တပ်စိတ် တစ်စု ချထားဖို့ လိုမယ်..။

 

ဘဝ သရုပ်ဖော်တဲ့ ဗိသုက ပြတိုက်ထဲက

သမိုင်းတစ်ခုဟာ အိုဟောင်းနေပေမဲ့

အကျဉ်းကျနေတဲ့ စာအုပ် တစ်အုပ်ထဲ

မှတ်တမ်းဝင်နေတော့ အရောင်မထွက်တဲ့

ဘဝရဲ့ ကြေးမှုံပြင်ကြီးပေါ့..။

 

တကယ်တော့….

ဘဝဆိုတာ….

အသင်္ချေ အနန္တ ကျယ်ပြန့်တဲ့

မဟာသမုဒ္ဒရာထဲက စွန့်ပစ်ခံ

မျက်ရည်ရဲ့ သားကောင်ပေါ့…။

 

သံသရာ မျဉ်းပြိုင်ထဲမှာ

ဘဝဆေးရောင်ခြယ် ပန်းချီကား တစ်ချက်ကို

ပြသဖို့အတွက် ဘဝထဲက

မျိုးဆက်သစ်တွေကို ဖိတ်ခေါ်ခဲ့တယ်…

လာပါ.. သူငယ်ချင်း..

ပြိုင်ပွဲ မဝင်ခင် စည်းမျဉ်း ဥပဒေများတဲ့

စင်မြင့်ပေါ်က မာနကြီးနေတဲ့ ဘဝကို

လှေခါးထစ် တထစ်ခြင်း တက်ရောက်ရင်း

စိန်ခေါ် ပြိုင်ပွဲဝင်လို့ ပန်းတိုင်ကို သွားကြစို့…။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Aug 11, 2012
Comment #1

Really nice

commentinfo By: ei lay at Aug 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment