Professional Authors

ပျက်ပြယ်ခြင်း

စုတ်တသတ်သတ်နဲ့ပဲ
တို့လမ်းခွဲလိုက်ကြစို့ရဲ့ကွယ်
တချို့သော အရာများကတော့
မသိချင်ယောင်ဆောင်နေကြပေါ့…

စုစုပေါင်း ၁ မဖြစ်နိုင်ဘူးတဲ့
သူမရဲ့ ရင်ခွင်ဦးမှာ
နေရာ အခက်အခဲရှိခဲ့တယ်
နေကွယ်လကွယ်နဲ့တကယ်ဆို
တို့ အချိန်တွေမလိုခဲ့ဘူးကွယ်…

ဇစ်ဆွဲဖွင့်ပြတတ်သူမဟုတ်တော့
ငါ့အတွက် အိပ်မက်ချိုချိုတစ်ခုတောင်
ပြောင်ပြောင်တင်းတင်း မရခဲ့ပါဘူး
ကြောင်နေတဲ့ ကောင်းကင်ကွဲအောက်က
မိုးစမိုးနတွေကောက်ရင်း
ခုနစ်စဉ်ကြယ်တွေလဲ အစင်းစင်းပျောက်ခဲ့တယ်…တကယ်…

ကြွေမှာပါ ဆက်ကိုကြွေအုံးမှာပါ..

ခါးသီးတဲ့ လေးနက်မှုအတွက်
တံဆိပ်ကပ်ဖို့မလိုပါဘူးကွယ်
ဘေးလေတကယ် အ၀င့်မှာ
ပွင့်ချိန်လေး ဆုံးခန်းတိုင်သွားတာပါ…

ရှေ့ဆက်ပါ ..
ပြုံးပါ ရယ်ပါ ကျေနပ်ပါ…
တခါတခါ ငါ့ကိုသတိရမှာပါ..
အဲဒီအခါမှာတော့
ငါ့နာမည်တစ်ခုအတွက်
မျက်ရည်နဲ့ ယပ်မခတ်နဲ့ပေါ့ကွယ်
ငါ မုန်းမိလိမ့်မယ်…..

In: ကဗျာ Posted By: Date: Aug 11, 2012
Comment #1

နှစ်သက်စွာအားပေးသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment