Professional Authors

ကျေးဇူးပြု၍ (နှင်းဆီဆူး)

တဆိတ်လောက်
ကူညီကြပါ
နေမထွက်ခင်
မှေးစက်ချင်လို့
သောကတွေမှာ
ပက်လက်မျော
လက်ပစ်ကူးရတာ
မောတယ်…။
ဒါပေမယ့်
မှေးစက်ရုံလေး
သက်သက်ပါ
အဲဒီထက်မပိုချင်ဘူး
အဲဒီထက်ဘာမှ
မပိုပါရစေနဲ့။

ရက်စက်မယ်ဆိုရင်ဖြင့်
အရုဏ်မတက်ခင်
ကျွန်တော့်ကို
မြန်မြန်သာသတ်ပစ်ပါ။
အမှတ်ရအောင်ဆိုပြီး
ပုံပြင်လှလှနဲ့
အိပ်မောကျအောင်တော့
နားမချကြပါနဲ့
ဂြိုဟ်ဆိုးအိပ်မက်တွေက
တစ်ကျိတ်တည်း
တစ်Óဏ်တည်း
ကျွန်တော်နဲ့
မျှော်လင့်ချက်တွေ
သူတို့ခွဲကြမှာ…။

လမင်းရေ
လမ်းပြကြယ်အမွမွ
လိုက်ကောက်နေရတာမို့
ဒီညတော့မင်းကို
မကြိုဆိုအားဘူး…။

ဒီကနေ့လူဖြစ်ရတာ
စိတ်ညစ်တယ်…။
တောင်းပန်ပါတယ်
ကျေးဇူးပြု၍
ဒီတစ်ညတော့
အသိစိတ်တွေကို
နှုတ်ထွက်စာတင်ခွင့်ပေးကြပါ
အားလုံးနဲ့ဝေးရာမှာ
အဖတ်ဆယ်မရတဲ့
စိတ်ကူးတွေရဲ့ဈာပန
ကျွန်တော့်ဘာသာ
ကျွန်တော်ချပါရစေ။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

အဖတ်ဆယ်မရတဲ့
စိတ်ကူးတွေရဲ့ဈာပန
ကျွန်တော့်ဘာသာ
ကျွန်တော်ချပါရစေ။

commentinfo By: အသဲကွဲမိုး at Dec 9, 2011
Comment #2

😮
😮
😮

commentinfo By: ei lay at Jul 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment