Professional Authors

အသဲကွဲဇာတ်လမ်း

အစကတည်းက….
အနှောင်းမသေချာခဲ့တဲ့ ဒီဇာတ်လမ်း…..
ငိုရမယ်မှန်းသိခဲ့ရင်  ငါမစခဲ့ပါဘူး……
အစကတည်းက …..
ဝိုးတ၀ါးနဲ့ မပီပြင်ခဲ့တဲ့ ဒီအိမ်မက်…
မဆုံးသေးခင် လန့်နိုးရမယ်မှန်းသိခဲ့ရင်….
ငါမမက်ခဲ့ပါဘူး….
အစကတည်းက….
ခံစားလွယ်တဲ့ ဒီရင်ဘတ်…
နာတတ်မယ်မှန်း သိခဲ့ရင်…..
ငါကိုယ်တိုင် ရင်ကိုခွဲ …
ခံစားတတ်တဲ့ အသဲနှလုံးကို
ထုတ်ထားခဲ့လိုက်တယ်….
အခုတော့ကွယ်….
ဓါတ်ပြားဟောင်းကြီးပဲ ပြန်ဖွင့်ရမလား..
နှလုံးလမ်းကြောင်းမှာ ….
ကျွန်းခံနေတယ်ပဲ ထင်ပါရဲ့…..
ဘာပဲပြောပြော တကယ်ပါ…..
ငါ့ရဲ့အဖြစ်ဟာ ရှိတ်စပီးယားရဲ့
ပြဇာတ်ထဲကလို ဇာတ်သိမ်းမလှခဲ့တာတော့
သေချာပါတယ်….

In: ကဗျာ Posted By: Date: Aug 10, 2012
Comment #1

lone wa ma phyit say ya bu.
a te kwe zat lann.
🙂

commentinfo By: ei lay at Mar 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment