Professional Authors

အလွမ်းတို့ဖြင့် သင်းပျံ့သော…

မိုးစက်တို့ စွေတိုင်း အတိတ်တွေပြန့်ကျဲလို့
ငါ တိုးတိုးလေး လွမ်းတယ် စံပါယ်..။
 
နင်မရှိတဲ့နောက်…
အိမ်ပြန်ချိန် ညနေတိုင်း
စံပါယ်ရနံ့တွေနောက် ခြေရာကောက်ရင်း
လမ်းပျောက်ခဲ့ရတာလဲ အခါခါ။
 
နင်သိပါလေစ…
နင့်အချစ်တွေရဲ့တစ်ဖက်ကမ်းက
ငါ့အလွမ်းတွေနဲ့ ဆည်ဖို့ထားတဲ့
့မျက်ရည်တွေ နင်မှသိပါလေစကွယ်..။
 
 
နှလုံးသားတွေ ပက်ကြားအက်လောက်အောင်
ဒီအပူမီးက ကြီးလွန်းလှတယ်..
နင်ငြှိမ်းမှ ငြိမ်းနိုင်မယ့် မီးတောက်လေလား…
.
.
.
အနာသိလည်း ဆေးမရှိခဲ့ပါဘူး စံပါယ်ရယ်..။
 
 
ငါ့မျက်ရည်နဲ့မှ ပွင့်ချင်တယ်တဲ့လား စံပါယ်..
တမ်းတခြင်းတွေ ဖြန့်ကျက်လို့…
အလွမ်းတွေ တဖြိုင်ဖြိုင်ရွာချလိုက်တယ်.
နင် မွှေးပျံ့နိုင်ပါစေသားကွယ်..။

 Lyrics
15.July.2012
13:37 AM

In: ကဗျာ Posted By: Date: Aug 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment