Professional Authors

သင်္ခါရ နဲ့ ကျန်လူ (နှင်းဆီဆူး)

ခဏတာ နမ်းရှိုက်ဖို့ အတွက်များ
ဘဝမှာ ပန်းတွေ စိုက်နေတတ်ကြပြီလား။

ကြာခဲ့ပါပြီ
ဘာကိုမှဂရုမစိုက်ပဲ
မင်းအတွက်ပဲ စူးစူးစိုက်စိုက်
ရူးမိုက်နေခဲ့မိတာ။

ထုတ်ပြစရာ ဆိုလို့
ရှုတ်ပွနေတဲ့
အလွမ်းတွေပဲရှိပါတယ်။

ချန်ခဲ့မယ်ဆိုရင်လည်း
ကျန်နေရစ်ခဲ့ရမှာပေါ့
ငါက..မင်းအလိုကို
ဘယ်တုန်းကများငြင်းခဲ့ဘူးလို့လဲ။

တစ်ယောက်ပြီး
နောက်တစ်ယောက်…
မင်းဒိုင်ယာရီထဲ
ဇာတ်ကောင်တွေဘယ်နှစ်ယောက်
ပြောင်းသွားပြီလဲ
ငါကတော့လေ
မဟောင်းသေးတဲ့
အတိတ်တွေကြားမှာပဲ
ဖောင်တိန်တစ်လက်နဲ့
အိမ်မက်တွေဆက်ဆဲ။

ငါရူးအောင်ပြုစားခဲ့တဲ့
အဲဒီနှုတ်ခမ်းဖျားလေးတွေက
အခုတော့ အမုန်းတွေပွားနေလေရဲ့
မင်းရဲ့ကျီစားချက်တွေက
ရက်စက်လွန်းပါတယ်။

မေတ္တာစစ်မှန်ရင်
ရောင်ပြန်ဟပ်တယ်ဆိုပေမယ့်
အချစ်နဲ့စစ်မှာ
မတရားဘူးဆိုတာမှမရှိတာပဲ
မင်းက ပစ်ပယ်ရက်ပေမယ့်
ငါ အပြစ်မတင်ရက်ပါဘူး။

နွမ်းသွားတဲ့ ပန်းတစ်ပွင့်အတွက်
မျက်ရည်တစ်စက်တောင်
ဟန်ဆောင်ပြီးမသွန်းဖြိုးလှဲ့ပါနဲ့။

အဆုံးသတ်မှာလေ…
လူတစ်ယောက်ကိုမုန်းဖို့
ငါပြုံးတတ်လာရမယ်တဲ့လား
အတ္တမလိုအပ်ပါဘူး
သင်္ခါရလို့ပဲမှတ်မယ်။

-အိ- (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

kyar ke par p.
bar ko hma ga yu ma sike pe
min a twat be su su sike sike
u mike nay ke mi tar….

ma haung tay de a tate tway kyar hmar pe
ngar ka min a lo ko be tone ka myar nyin ke bu loh le…

myit tar sit hman yin yaug pyan hat de so pay me
min ye kye sar chat tway ka yet sat lun par de.

min ka pyit pe yet pay me
ngar ka a pyit ma tin yet par bu.

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment