Professional Authors

နှင်းရဲ့ စေရာ

ငေးမောလွမ်းဆွတ်ခွင့်ကလွဲရင်
 မျှော်လင့်ချက်အနာဂတ်တွေဆိတ်သုဉ်းသွားတဲ့
သုံ့ပန်းတစ်ယောက်အတွက်
 နှင်း…မင်းကိုယ်တိုင်စီရင်ပေးပါ
… နှင်းရယ်…
 ငါဟာ မင်းရဲ့အေးစက်မှုမှာ ပါဝင်ပတ်သတ်ချင်တဲ့သူ…
 အချိန်တိုင်းအတွက် မင်းရဲ့အပြုံးကိုပဲ ဆာလောင်မွတ်သိပ်သူ…
 အရာရာတိုင်းထက် မင်းဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ကိုပဲ မက်မောသူ…
 နှင်းရယ်…
 ငါက မင်းရဲ့အေးချမ်းတဲ့လှပမှုကို ငါရဲ့အောင်မြင်မှုထက်ဂုဏ်ယူတယ်…
 မင်းရဲ့နူးညံ့မှုကို ငါ့ရဲ့ ဂုဏ်သိက္ခာထက်တန်ဖိုးထားတယ်
 မင်းရဲ့ခြေလှမ်းတိုင်းကို ငါ့ရဲ့အနာဂတ်ထက် မြတ်နိုးတယ်…
 လိုအပ်တယ်ဆိုရင် မင်းပျော်ရွှင်ဖို့ ငါ့မျက်ရည်တွေနဲ့ ဖြည့်ဆည်းပေးမယ်…
 အယူခံမ၀င်ပါဘူး…
ဘယ်တော့မှဖြူစင်ခွင့်မရှိတော့တဲ့ သိုးမည်းလိုပဲ…
 မင်းပေးမဲ့သေမိန့်ကိုစောင့်နေမယ်…
 ငါ့နှလုံးသားရဲ့တောင်စွယ်နေကွယ်တဲ့နေ့အထိ
မင်းနာမည်ကိုတမ်းတရင်း…။ ။

In: ကဗျာ Posted By: Date: Aug 5, 2012
Comment #1

so touching to my heart deeply.
😛
😛
😛

commentinfo By: ei lay at Aug 5, 2012
Comment #2

ငါဟာ မင်းရဲ့အေးစက်မှုမှာ ပါဝင်ပတ်သတ်ချင်တဲ့သူ…

i do really like it

commentinfo By: မေပျို at Aug 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment