Professional Authors

သက်သေ

မင်းပြောခဲ့တဲ့စကား
”ငါ့ကိုဘယ်တော့မှမထားခဲ့ပါနဲ့ ”တဲ့
အချိန်တွေကုန်လွန်ခဲ့ပြီ
ဒီစကားပြောခဲ့လို့ပဲ
မင်းအရင်ထွက်သွားတာလား…။

မင်းရဲ့မျက်လုံးအမှိတ်
ကျောအလှည့် မှာ
ငါ့ဘ၀နေ၀င်ချိန်အလား
အရာအားလုံး တိတ်ဆိတ်
မှောင်မိုက်နေခဲ့…။

ဆွံအနေတဲ့ ငါ့နှုတ်ခမ်းအစုံ
မင်းနမ်းရှိုက်ဖူးတဲ့ ဒီပါးပြင်မှာ
မျက်ရည်အတိ ဖြင့်သာ
မင်းပြောခဲ့တဲ့ စကား
ငါ သက်သေပြခဲ့ပြီနော်…။
                       
                                           ရှိုင်းလက်နွယ်ဦး

In: ကဗျာ Posted By: Date: Aug 3, 2012
Comment #1

ဆွံအနေတဲ့ ငါ့နှုတ်ခမ်းအစုံ
မင်းနမ်းရှိုက်ဖူးတဲ့ ဒီပါးပြင်မှာ
မျက်ရည်အတိ ဖြင့်သာ

so like me

commentinfo By: maypyo.pyomay at Aug 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment