Professional Authors

ကွန်းခိုရာတဲ့ – ဒီရေလှိုင်း

အမြင့်မှာနေရင် လေတိုက်ခံရ
အနိမ့်မှာနေရင် မြွေကိုက်ခံရ
ကြားထဲမှာနေတော့
ပျားစွဲမယ်မထင်ကြနဲ့
ကျားဆွဲဖို့တော့သေချာတယ်
မှားပဲ မှားနိုင်လွန်းတဲ့ စာပေလောက
ကောသလမင်းအိမ်မက်
ဆယ့်ခြောက်ချက်က
ကွက်တိကိုမှန်နေလား-

အယ်ဒီတာဆိုတဲ့
မဒီကညာက
မြသန်းတင့်ဆိုတာ
အလှပန်းတစ်ပွင့်
မော်ဒယ်လားတဲ့
ဆရာဒဂုန်တာရာက
ဗေဒင်ဆရာလားတဲ့
သေချင်စရာကောင်းလောက်အောင်
တော်နေတဲ့သူတွေ
မော်နေတဲ့ခေတ် –

ကွာလတီတဲ့
ကညာမဒီတွေရဲ့ပုံတွေသက်သက်
ကြော်ငြာစာမျက်နှာတွေနဲ့ အတိ
စာဆိုတာ ဖတ်စရာနိတ္တိ
ဘာမှကိုမရှိ –

ကဗျာကိုမသိ ၊ စာကိုမကြည့်
လူကိုကြည့် ၊ ပရိုမိုးရှင်းလက်ဆောင်ကြားမှာ
မွေ့လျော် အတော်ပင်ပျော်ရွှင်နေ၏ –

သူတို့နဲ့ ဝေးရာ ရှောင်ပေးဖို့
တဟီတီကျွန်းကလည်း
အရင်ကလိုအရိုင်းမဆန် ၊
သမိုင်းမမှန်
အကြံအဖန် ကလီကမာနဲ့
မသဒီစရာဖြစ်
နေရောင်မထွန်း ချမ်းရှာလွန်းတဲ့
မဲဇာမြေကလည်း
လူတွေကြောင့်
ဆူဝေနောက်ကာ
အပူတွေရောက်ခဲ့ –

အို ကျွန်တော်ခိုးနားရာ
ဖွေရှာလို့တွေ
လွန်ပျော်မွေ့ရာ
ကွန်းရိပ်သာကား
အွန်လိုင်းမှာပေါ့
အခါခါချစ်အပ်
မြင့်မြင့်တဲ့နေရာမှာ ပေါင်းယှဉ်
အနာဂတ်ရဲ့ ကောင်းကင်ပေါ့ ——- ။
                                ဒီရေလှိုင်း

In: ကဗျာ,Others Posted By: Date: Aug 3, 2012
Comment #1

real life
nice creation

commentinfo By: ei lay at Aug 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment