Professional Authors

မနှစ်မြို့ သောငါများ(မင်းလူန)

မီးနီတွေချည်းပဲ
ဆန္ဒဟာ
တခါတလေ
မျက်စိလည်ပြီးတောင်ပြည့် တယ်မရှိတော့ 
မျိုချရတဲ့ အရသာကိုပဲ
တစ်ရှိုက်မတ်မတ်သိမ်ဆည်းတက်လာတယ်
လမ်းရှိနေရဲ့ သားနဲ့ 
ခရီးမရောက်တက်တဲ့ သတ္တ၀ါဟာလူတဲ့ 
ရဲရဲကြီးပြောချလိုက်တဲ့ 
ကျနော့ ပါးစပ်ကြောင့် 
တခါတလေ
မိုးခါးရေမသောက်တဲ့ သူလို့ လက်ညိုးအထိုးခံရတော့ တာပဲ
ဆူဆူပူပူဂီတလောက်တောင်
နာဝင်မချိုတဲ့ ဘ၀အကြောင်းကို
ဖတ်ပြလို့ မရတာတွေရှိနေတာသိတော့ 
မရိုးသားခြင်းဟာ
တစ်ကယ်တော့ လေးနက်တဲ့ 
အနက်ရောင်တွေနဲ့ မှ
လှလှပပသစ်လွင်နေကြတာပါပဲ
လိပ်ပြာမလုံလို့ ဆိုပြီး
ကို ယ့် မျက်လုံးကိုယ်စိုက်မကြည့် ဖြစ်တဲ့ ရက်တွေ
မွေးကတည်းကပဲ
ဒါတောင်တခါတလေ
ခပ်တည်တည်ခြုံခဲ့ တဲ့ အရေခွံတစ်ချို့ 
ရှိနေသေးတယ်

                                            မင်းလူန

 

In: ကဗျာ Posted By: Date: Aug 2, 2012
Comment #1

Phat shu arr pay twar par de

commentinfo By: ei lay at Aug 2, 2012
Comment #2

ခပ်တည်တည် ရပ်တည် လမ်း …..

commentinfo By: sharon myorr myor at Aug 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment