Professional Authors

ဒိုင်ယာရီထဲက… ဒဏ္ဍာရီ (၁) – (နှင်းဆီဆူး)

ဟေ့ချစ်သူ
ငါ့ပခုံးကိုမှီပြီး
လောကကြီးကိုတစောင်း
မျက်စောင်းထိုးပြီးကြည့်ရဲပါ့မလား
၁၅၀ဝ အားကိုးနဲ့
ငါတို့လောကရဲ့ရန်ငြှိုးများကို
ချေမှုန်းကြတာပေါ့။

လောက က ရာသီဥတု
ကံကြမ္မာဆိုး က မိုးတွေဆိုရင်…
မကြာမကြာရွာနေဦးမှာပဲ…။
မင်းနားမှာလည်း လက်တစ်ဖက်
ထီးတစ်လက်နဲ့စောင့်နေခဲ့ရတာ
မင်းအသိပါ
ဒါပေမယ့်
မင်းက…
မိုးကာအင်္ကျီကိုမှ..မြတ်နိုးတယ်။

ဖြစ်နိုင်မယ်ဆိုရင်ပေါ့
ပူဆွေးခြင်းတွေကို
ခဏမေ့… ငါမင်းကို
ချော့သိပ်ချင်တယ်
အချိန်မှန်မှန်အိပ်ပါ”…”ရယ်။

တခါတခါလို့ပြောပေမယ့်
မကြာမကြာပေါ့
ရန်ဖြစ်ရသေးတယ်…။
အလိုက်ကန်းဆိုးမသိတဲ့
နှိုးစက်ရယ်
လာလာမနှိုးပါနဲ့
အိမ်မက်ထဲမှာ
ချစ်သူ အပြုံးတွေခိုးချင်လို့
တိုးတိုးလေးနေပေး
ကျေးဇူးမမေ့ပါဘူး။

ဘယ်သူ့ကိုမှလည်း
မသင်ခိုင်းမိ
ဘယ်သူမှလည်းသင်ပြခြင်းမရှိပါပဲနဲ့
မင်းပျော်ဖို့သက်သက်အတွက်
စကားတွေတောင်အတော်တတ်ခဲ့ပြီ။

ဒီလိုပါပဲချစ်သူရယ်…
မနက်ဖြန်ဆိုတဲ့ရက်စွဲအတွက်
စောင့်နေခဲ့တာကြာပါပြီ
လာမည် ကြာမည်ဟုတ်မဟုတ်တော့
မသိဘူး…
မျှော်လင့်ချက်တွေက
အနားမှာကပ်ရပ်လေးနေတော့
နည်းနည်းတော့ခက်တယ်။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

ကဗျာလေးက ချစ်ချာလေးးးးးးး (:
clapping clapping..

commentinfo By: melodyphyO at May 31, 2010
Comment #2

ကဗျာလေးကို အရမ်းကြိုက်တယ်
ရင်ကိုတကယ် ထိစေတယ်
ကျေးဇူးတင်ပါတယ်………….
နောက်တခါ ဒီလိုကဗျာ လေးတွေရေး
ပေးပါနော်………………………………

commentinfo By: poemmoelay at Jun 15, 2010
Comment #3

ကဗျာလေး တော်တော်ကောင်းပါတယ်

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #4

သြော် ဒေါ်အိ ကဗျာတွေ တယ်ကောင်းပါလား။ ဟီးဟီး အေးလေ ဒီလောက်တော့ ရှိရမှာပေါ့။ ကဗျာဆရာရဲ့ ချစ်သူ ကဗျာဆရာရဲ့ ညီမ ကဗျာဆရာမဆိုတော့လေ။ :P

commentinfo By: ChIr0N at Aug 8, 2011
Comment #5

saunt nay ke tar kyar par p
lar myi kyar myi hote ma hote dot ma ti bu
hmaw lint chat lay ne a tat shin nay ya de

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment