Professional Authors

ခွဲခွာချိန်

အသံမဲ့တဲ့ စကား

နှလုံးသားနဲ့ ကြားတယ် ၊

မဲ့မဲ့လေးပြုံး ပြုံးပြုံးလေးငို

ဘယ်လိုမှကို မနီးစပ်တဲ့ဘဝ

အပြီးသတ်ကို ဝေးကြပြီ ။

ရင်ခုန်သံညီ

သံယောဇဉ် ချည်ပြီးမှ

အလွမ်းတွေ သီရမယ့်ဘဝ

တကယ်ကို ” ဘ၀ “

ပီသပါ့ကွယ် .. ။

လူအနေဝေးပြီး

အတူနေ မပေးပေမယ့်

နှလုံးသားတော့ ထည့်ပေးလိုက်တယ်

နှုတ်ဆက်လက်ဆောင်ပေါ့ .. ။

ဒီလိုနဲ့ပဲ ..

နောက်ဆုံး အနမ်း ..

နောက်ဆုံး အကြည့်..

နောက်ဆုံး စကား ..

နောက်ဆုံး ပုံရိပ် ..

တိတ်တိတ်လေးပေါ့ … ။

In: ကဗျာ Posted By: Date: Jul 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment