Professional Authors

ဘယ်သွေးဘယ်သားရဲ့ တောင့်တမှုလဲ..?

ဘယ်သွေးဘယ်သားရဲ့ တောင့်တမှုလဲ..?

ငွေနဲ့ခင်းတဲ့ လမ်းလွှဲမှာပဲ

ဟောဒီငမွဲ ဝမ်းနည်းခဲ့ရတာလေ

အလံမလဲပဲ ကျတဲ့ တိုက်ပွဲနဲ့ အဆုံးသတ်

အတ္တဖက်တဲ့ ဆုံးဖြတ်ချက်တွေက

ငါ့ထက်တန်ဖိုးရှိခဲ့တယ်မဟုတ်လား..၊

ဟော့ဒီငါ့ရင်ခွင်ရဲ့ ဘယ်ဖက်

နာကြည်းမှုတွေနဲ့ သော့ခတ်ပစ်မယ်..။ ။

 

ငါ့အတွက် သံယောဇဉ်တွေ ခွာကျ

နင့်မာနကိုယ် က သူစိမ်းဆန်ခဲ့တာ

ဟောဒီကောင်ရဲ့ အချစ်ဆိုတာ

နင်သုံးပြီးရင် လွှင့်ပစ်နေကျ

တစ်ခါသုံး သွားကြားထိုးတံ..၊

မခံချင်စိတ်တို့ နိုးကြားပေမယ့်

အားမတန် မာန်လျော့

ငါ့ဒေါသတွေ ခါးကြားထိုးပြီးသိမ်းထားတယ်..၊

ငါ့အတွေးငါ့အိမ့်မက်တွေ

ကျေကျေနပ်နပ် တစ်ခန်းရပ်ပစ်မယ်.. ။ ။

 

အဆုံးမသတ်သေးပေမယ့်

ငါ့ကိုယ်ငါ အရှုံးသတ်မှတ်

ရှုံးထွက် နဲ့ ထွက်ခဲ့တယ်…၊

လမ်းခွဲအပြုံးနဲ့ ဝမ်းအနည်းဆုံးပါပဲ

ဟောဒီကောင်ရဲ့ လက်သီးပုံးလေးကတော့

နင့်အတွက်ဆက်ပြီး

ပုံး…နေ…..ပါ…….ရ……….စေ……………

တော့……………………………………….။ ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 27, 2012
Comment #1

မိုက်တယ်ဗျာ ………….share p nor

commentinfo By: zawzawoo at Jul 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment