Professional Authors

သူ့ကြောင့် – ဒီရေလှိုင်း

သူ့ကြောင့်

ပူရှိန်ပြင်းပြင်း

ရှင်နေမင်းဟာ

လ၀န်းစန္ဒာ

အေးရိပ်ဖြာလို့

ကမ္ဘာပေါ်ကျ

လှပသွားတယ် ။

သူ့ကြောင့်

မာနဂုဏ်မြင့်

ဆူးမာန်ဝင့်စွာ

လန်းဆန်းပွင့်လန်း

နှင်းဆီပန်းမှ

ငြိမ်းချမ်းဖြူတင့်

သဇင်ပွင့်လေးဖြစ်သွားတယ် ။

သူ့ကြောင့်

ဒေါသဘီလူး

အရက်မူးမူး

တက်တူးနဲ့လူ

စိတ်ကြမ်းသူလည်း

ဖြူစွာစိတ်ထား

အမှားများဖယ်ခွာ

တရားများတွယ်တာ

ဘုရားသားရတနာ တစ်ပါးဖြစ်ခဲ့တယ် ။

သူ့ကြောင့် —–

သံကဲ့သို့မာ

မြဲခိုင်စွာလည်း

ယိုင်ကာ နွမ်းဖြော့

ဖယောင်းပျော့လေး ဖြစ်သွားတယ် ။

သူ့ကြောင့် ………..

ကောက်ကျစ်ရက်စက်

ပက်စက်ဥာဏ်များ

မာယာကျားလည်း

ယုန်ငယ်အလားဖြစ်သွားတယ် ။ ။

သူ့ကြောင့် …………..

သူ့ကြောင့် …………………………….. 

သူ့ကြောင့် …………………………………….. ။     ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

coz of love
😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment