Professional Authors

မြင်လှည့်ပါ – ဒီရေလှိုင်း

ဧပရယ်နွေပူစေတာထက်
ကိုယ့်ရင်မှာဆူဝေခဲ့တဲ့နေ့လေး
ကလေးရဲ့ သတင်းစကားကို
မရေမရာ မသေချာစွာကြားတော့
သောကတွေနဲ့ မောလျလို့
ဆောက်တည်ရာမရ ဖုန်းဆက်လည်းမကိုင်
မခိုင်တဲ့ နှလုံးသားက ယိုင်နဲ့ခဲ့ ။

 

နေ့ခင်းမှာ သူ့စကားသံ သဲ့သဲ့လေးကို
သွဲ့သွဲ့တေးလိုကိုယ်ကြားတော့
သဲ့သဲ့လေးခုန်နေတဲ့နုလုံးသားအတွက်
ဆေးတစ်ခွက် ဖြစ်စေခဲ့ပြီ ။
 
ကလေးအမြန်လန်းဖြာစေကြောင်း
ကျန်းမာစေကြောင်း
ဆုတောင်းရတာ မမောနိင်
တစ်ညလုံးတိုင်တိုင်ပေါ့ နော် ။
ကလေးကျန်းမာပြီဆိုတဲ့
ဝမ်းသာစရာသတင်းစကား
ကြားလိုက်ချိန်လေးမှာ
နှလုံးသွေးတွေ နွေးလို့
ရင်မှာကြည်နူးတွေးတွေတစိမ့်စိမ့်နဲ့
တငြိမ့်ငြိမ့်လှိုက်ခုန်လို့ ပျော်ရွှင်
ဘာကိုမှမမြင်နိုင်အောင်ခံစား
 အဲဒါကအမှန်တရား တစ်ခုပါ ကလေးရယ် ။
ကလေးရယ်
ဘ၀အရေးမှာ
ခဏလေး ဝေးနေတဲ့အချိန်
ထာဝရ အတွေးတွက်
ပေးဆက်မဲ့ ကိုကြီးအချစ်များကို

မြင့်လှည့်ပါလားနော် ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛
😛
😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment