Professional Authors

မြမျက်ဝန်း – ဒီရေလှိုင်း

လှရက်လွန်းတဲ့
မြမျက်ဝန်းရယ်
ညမက်လွန်းတဲ့
အိပ်မက်တွေထဲမှာလည်း
ဆက်ဆက်ပြီး ချုပ်နှောင်
မလှုပ်အောင် ချည်ထားတဲ့
ပိုးသားမျှင် ကြိုးတစမှာ
သံယောဇဉ်များ ခ

သိပ်ပြီးတော့လှနေပါလား

မြမျက်ဝန်းရယ်
ခင်ကြတာ ကာလတွေမလို
မကြာသေးတဲ့ တစ်ခဏမှာ
တစ်ဘ၀စာလို ရင်းနှီးခြင်းတွေ
သွေးထဲစီးဆင်းနေ
ကဗျာနှလုံးသွေးရင်းလည်း
နီးနီးလေး
ဘယ်တော့မှ ဝေးတော့မှာ ဟုတ်ဘူးနော် ။

မြမျက်ဝန်းရယ်
မြင်မှ ခင်တာမဟုတ်

တွေ့ကြမှ မေ့မရတာမဟုတ်

မမြင်လည်းကြင်

မတွေ့ရလည်း မမေ့ကြစတမ်း
အလွမ်းများနဲ့ သူ့အကြည့်က
ရင်အထဲအထိအောင်တိုးဝင်
ကြိုးငင်နေတဲ့  စွန်လေးလို
ဟိုးအမြင့်ကောင်းကင်ယံမှာ
လွင့်ပျံလေမလား
ပင်လယ်ရေပြင်ကြားက
ဒီလှိုင်းများနဲ့ သိပ်ဝေးကွာမလား
အတွေးများလည်းေ၀၀ါးစွာဖွဲ့သီခဲ့ ။

မြမျက်ဝန်းရယ်
မျက်ဝန်းထက်က
တစ်စက်စက်နဲ့ကျနေတဲ့
မျက်ရည်များ မခစေနဲ့
တမ်းသူကြောင့် ရခဲ့တဲ့
ကျွမ်းအဆူ
လွမ်းအပူတွေကို
ကမ်းအငူမှာ ထားရစ်ခဲ့
ကမ်းယူဖို့ လက်တွေကို
လှမ်းယူလို့ အမြဲဆက်
တွဲလက်တွေနဲ့
အမြဲတစ်သက်တူတူလှမ်း
ဘယ်တော့မှ မနွမ်းလျစေရ
ဘယ်တော့မှ  ပန်းလိုကြွေမကျ
ထာဝရ နယ်မြေအလှနန်းကို
အရတူတူလှမ်းကြစို့နော်

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

😛

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment