Professional Authors

ချစ်သူဖတ်ဖို့…..

ချစ်သူ
သတိရစိတ်တွေ..ပိုပိုတိုး..
ရင်ထဲမှာ နွေလိုမျိုးပဲ..
ပူပြင်းလောင်မြိုက်..
လွမ်းဆွတ်ခြင်းတွေနဲ့..မှောင်မိုက်လို့လေ….

ဝေးနေတဲ့ခါ..
တစ်စက္ကန့်ကို တစ်ကမ္ဘာထင်တတ်သူမို့
အရာရာကို စတေး..
ငါ့အနားမှာ.. မင်းရှိနေဖို့ပဲ အရေးကြီးပါတယ်…

ငါ့ မနက်ဖြန်တွေလည်း
မင်းကို ချစ်တဲ့ အချစ်နဲ့ လှပနေတတ်ပြီမို့..
စိတ်မချတဲ့ အတွေး..
နည်းနည်းမှ မမွေးပါနဲ့နော်…

ဘာလို့လဲဆို…
မင်းမျက်နှာ ညိုရင်…
ငါ့ကမ္ဘာ တစ်ခါပြိုတယ်လေ……

ထားခဲ့တဲ့ ကတိသစ္စာတွေနဲ့…
လက်ကို ခိုင်ခိုင်တွဲ…
အခက်အခဲတွေကို…
ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကြမယ်…..

တစ်ယောက်ကို တစ်ယောက်ထူမတ်…
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်လို့…
ဘ၀ရဲ့ နက်နဲတဲ့ပုစ္ဆာ…
ငါတို့တွေ အဖြေရှာကြမယ်…

အပေးအယူမျှတ..
အချင်းချင်းဖေးမလို့…
ခါးသီးတဲ့နေ့တွေကို ကျော်ဖြတ်…
နားလည်မှုတွေနဲ့.. ခရီးဆက်ကြမယ်…..

သံသရာ အဆက်ဆက်…
လက်တွဲဖော်..ပါရမီဖြည့်ဘက်အဖြစ်
မင်းနဲ့အတူဆို…
ဘယ်တော့မှ……
ငါ့စိတ်မှာ မငြိုငြင်ဘူးလေ………။

((လေးညှို့ရှင်))
17.7.2012
12:15 AM

In: ကဗျာ Posted By: Date: Jul 17, 2012
Comment #1

So nice.
Perfect opinion.
If it is true,how excellent.

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment