Professional Authors

အလွမ်းကျောင်းသူ

အရုဏ်မိုးသောက်
နေမင်းတောင်ရောက်လို့လာပြီ
မနေ့ကအိပ်မက်တချို့
သေဆုံး…
ယနေ့အိပ်မက်တစ်ချို့
အသက်ပြန်သွင်း…
ရှင်သန်ခြင်းဆိုတာက
ငါ့လက်ထဲမှာ
အလွယ်လေးလိုပါပဲလား။

မျှော်လင့်ချက်တွေတဖွဲဖွဲ
နေပူကျဲတဲကြီးမှာ
ငါ့တစ်ကိုယ်လုံးရွှဲလို့…
သည်းလိုက်စမ်းပါလေ
ကောင်းကင်ကိုမော့ကြည့်ပြီး
တစ်ဝကြီးပြုံးပြမယ်
ငါ့ကိုမျက်မုန်းကျိုးရင်
မိုးကြိုးနဲ့သာ
ပစ်ချလိုက်စမ်းပါကွယ်။

သစ်ရွက်တွေကြွေကျတာ
အတော်လှသတဲ့
ငါမျက်ရည်မြေခတာပါ
သူသဘောကျခဲ့ပါသလား…။

ဝေး…ငါတို့ဝေးကြမယ်ချစ်သူ
နောက်တစ်ကြိမ်ပြန်တွေ့ကျရင်
တစ်ယောက်ကိုတစ်ယောက်
မမှတ်မိတော့သည်အထိ။

ဘယ်လိုချွင်းချက်တွေကြောင့်
ငါ..
မင်းရင်ဘတ်မှာနေရာမရခဲ့။
အစိမ်းရောင်ချယ်
မင်းမျက်ဝန်းတွေကြားမှာ
ငါ့လိပ်ပြာလေးသိမ်ငယ်။

နက်ဖြန်ခါ
အလွမ်းကျောင်းမှာ
ငါ့ကိုယ်ငါသွားအပ်မယ်
အတန်းချိန်သိပ်မများပါဘူး
တစ်နေ့မှာ ၂၄ နာရီထဲရယ်ပါ…။

အိ
နိုဝင်ဘာ ၂၇၊၂၀ဝ၇

In: ကဗျာ Posted By: Date: Jun 7, 2009
Comment #1

ဒီကဗျာလေးကလန်းပါဂျာ.. ဘယ်အချိန်ဖတ်ဖတ်.. နောက်ဆုံးအပိုဒ်ကတော့ top အကြိုက်ပဲ.. ဟီးဟီး.. အာဘွား.. ဟိုကဗျာ ကိုပြန်တင်လေဂျာ.. ဟီး.. မွမွ..

commentinfo By: Kitty Yang at Jun 7, 2009
Comment #2

အလွမ်းကျောင်းသူမမ..
ကဗျာလည်း လန်းတယ်.. theme လည်းလန်းတယ်.. အကုန်လန်.. အဲ လန်းတယ်ဗျာ.. အဟတ်

commentinfo By: အရဲ at Jun 9, 2009
Comment #3

မမအိ.. မိုက်တယ်ကွ..အဟီး မုန့်ဝယ်ကျွေးနော်
့

commentinfo By: Kaythi at Jun 11, 2009
Comment #4

တမ်းတခြင်းသရုပ်ကို ကဗျာနဲ့သဏ္ဌာန်ထုတ် ဆေးစုပ်နဲ့အသက်သွင်း အလွမ်းတေးသီချင်းလေးပေါ့
…. မိတယ်ဗျာ ရင်ထဲထိပေါ့ …
`အောင်မြင်စွာလှမ်းတက် ခရီးရှည်ဆက်နိုင်ပါစေ´

commentinfo By: linlatarkar at May 17, 2010
Comment #5

တနေ.မှာ 24နာရီတဲ.လား
ကြိုက်ပါတယ်

commentinfo By: moelay at Sep 15, 2010
Comment #6

ဘယ်လိုချွင်းချက်တွေကြောင့်
ငါ..
မင်းရင်ဘတ်မှာနေရာမရခဲ့။….
ကောင်းလိုက်တာ အိ ရယ်
တကယ်ထိတယ်….။

commentinfo By: ကေသရီ at Apr 28, 2011
Comment #7

စာသားလေးတွေကြိုက်တယ်ဗျာ ..။။။။

commentinfo By: chityellusoelay at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment