Professional Authors

“Love Diary of Me”

မြင်စဉ်ခဏ ဗီးနပ်(စ်)အလား

မှတ်ယူငေးမိ ပင်ကိုယ်အလှ

အလှချစ်သူ တစ်သက်မမေ့

မြင်မြင်ချင်းပင် ငါချစ်မိ၏ ။       ။

 

ချစ်သူပြုံးပျော် ရွှင်မျက်နှာကို

မြင်လျှင်ကြည်နူး ရင်မှာစွဲလမ်း

ယှဉ်သူမမြင် ပြုံးအလှကို

ထာဝစဉ်ရွှင်လန်း ကိုယ်ဆုတောင်း၏ ။       ။

 

ညှို့မျက်ဝန်းရှင် ထားသခင်ကို

ရင်မှာမျှော်လင့် မထိုက်တန်လည်း

အသက်ခန္ဒာ မြဲမြံသရွေ့

သက်ထက်မြတ်နိုး မေတ္တာရှိမိ

သခင်သိစေ ကိုယ်မျှော်လင့်၏။     ။

 

ဒါပေမယ့်လေ….

စိတ်အာရုံထဲ အရိပ်ပမာ

‘ထား’ ပုံလွှာကို ဖမ်းဆုပ်ယူဖို့

လှမ်းခဲ့သော်လည်း မြူခိုးပမာ

လွင့်ပျယ်မြဲဖို့ ကိုယ်ရင်နာဆဲ

‘ထား’မှ မသိနိုင်ပဲလေ……။        ။

In: ကဗျာ Posted By: Date: Jul 11, 2012
Comment #1

wow,,,
ngo chin twar de,,a hote
🙁

commentinfo By: ei lay at Jul 11, 2012
Comment #2

🙂
🙂
🙂

commentinfo By: ei lay at Sep 16, 2012
Comment #3

so much love
so much sweet

commentinfo By: ei lay at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment