Professional Authors

သမ်းဝေခြင်း ၊ မင်းထက်ညိမ်း

“သမ်းဝေခြင်း” မင်းထက်ညိမ်း *စိတ်ကူးတွေ လမ်းခုလတ်မှာ တံတားကျိုးပြီ။ စီးဆင်းနေတဲ့ ရေအလျင်ထဲ မျောပါသွားတဲ့ အိပ်မက်….။ *ဘ၀ဆိုတာ နေထွက်ချိန်မှာ နေထွက်ပြီး နေ၀င်ချိန်မှာ နေ၀င်သွားတဲ့ သမားရိုးကျ ဇာတ်လမ်းတွဲ။ *အမည်မဖော်လိုသူ မြို့ကြီးဟာ သရုပ်ဆောင် ကောင်းတယ်။ *ဘယ်လိုထက်သန်မှုမျိုးနဲ့ မနက်ဖြန်ကို ထိုးကျွေးမိသလဲ။ ဘယ်လိုမျော်လင့်ခြင်းနဲ့ အနာဂတ်ကို ရင်းနှီးမိသလဲ။ မေးခွန်းတွေမှာ အဖြေမရှိဘူး ငါတော့ အပြုံးမပျက် ရှုံးလက်စနဲ့ရှုံးမြဲ……။ ။ မင်းထက်ညိမ်း

In: ကဗျာ Posted By: Date: Jul 9, 2012
Comment #1

” ဘယ်လိုမျော်လင့်ခြင်းနဲ့ အနာဂတ်ကို ရင်းနှီးမိသလဲ။ မေးခွန်းတွေမှာ အဖြေမရှိဘူး ငါတော့ အပြုံးမပျက် ရှုံးလက်စနဲ့ရှုံးမြဲ……။ ” ငါလည်း ရှုံး မှန်း သိပါတယ် ဒါပေမဲ့ …….

commentinfo By: yu at Aug 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment