Professional Authors

PoemsCorner Authors

လောကဓံကျွန်းမှ ကမ္ဘာမကြေသံ

 

လောကဓံကျွန်းမှ ကမ္ဘာမကြေသံ

 

လောကဓံ လေဟာနယ်ဟာ

အသက်ရှုခွင့်ပေးတဲ့ အရာတစ်ခုဆိုရင်

မင်းတို့ ရှုရှိုက်နေတဲ့ လေဟာ

မနေ့က မင်းတို့ ကြိုးစားခဲ့တဲ့ အရာတွေပါ..။

 

လောကဓံက ကျယ်ပြန့်တယ်ဆိုပေမဲ့

ကမ္ဘာကြီးက လူမျိုးစု နံရံတွေနဲ့ ဖွဲ့စည်းထားတော့

ကမ္ဘာကြီးက ရွာတစ်ခုဖြစ်လာမှာပါ..။

 

ဒါပေမဲ့…. လူဆိုတာ…

စည်းဝိုင်းတွေ ကာရံတွေ အထပ်ထပ်

ဖွဲ့စည်းထားတဲ့ လောကဓံရဲ့ သမိုင်းတစ်ပုဒ်ပါ..။

 

သွေးနဲ့ ရေးခဲ့တဲ့ သမိုင်းတွေ

နှလုံးသား စာမျက်နှာပြင်မှာ

ထင်ကျန် မှတ်တမ်းတင်ရင်း

စိန်ခေါ်နေတဲ့ လောကဓံ ကြိုးဝိုင်းထဲ

ခက်မိုက်မိုက် ပြေးဝင်မိတယ်…။

 

အကြိမ်ကြိမ် လဲကျသွားလိုက်

အကြိမ်ကြိမ် အနိုင်ရလိုက်နဲ့

အနာတရ ဖြစ်လာတဲ့ တနေ့

လောကဓံ ကြိုးဝိုင်းက ထွက်ခွာဖို့ဆိုတာ

လွယ်ကူတဲ့ အရာမှ မဟုတ်တာ..။

 

မပြေလည်သေးတဲ့ နေ့ရက်တွေကို

ရင်ခွင်မှာ ပွေ့ဖက်ထားခဲ့တာ

သံသရာ တစ်ခုတာ ကုန်ဆုံးသွားတယ်..

မကုန်ဆုံးသေးတဲ့ အာဃာတတွေက

လည်မျိုကို ဓားထောင့်သလို ခံစားနေတုန်း…။

 

မိတ်ဆွေ ရန်သူ မကွဲပြားတဲ့ ကာလတစ်ခုအောက်

အစာမကြေ ဒဏ်ရာတွေနဲ့ ဗိုက်မှောက်အိပ်ရင်း

ကိုယ့်အတ္တကိုတောင် ရန်သူထင်ပြီး

တိုက်ခိုက်ဖို့ သွေးကြွနေအုန်းမယ်..။

 

ခုတ်ချင်တိုင်း ခုတ်..

တိုက်ချင်တိုင်း တိုက်..

မငြိမ်သက်သေးတဲ့ ကိုယ်တွင်း ဒဏ်ရာတွေက

ငါတို့ အပေါ်ကျရောက်လို့ သားကောင်ဖြစ်ခဲ့

မနက်ဖြန် အနာဂတ်ရဲ့ အလင်းရောင်အောက်

အသိတရား အလင်းပေါက်ဖို့ ကြိုးစားနေအုန်းမယ်..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Jul 7, 2012
Comment #1

fighting,,
😛

commentinfo By: ei lay at Jul 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment