Professional Authors

ကောင်မလေး

ကောင်မလေး
ပတ်သတ်ဆက်နွယ်မှုတွေက
ကြိုးတစ်ချောင်းဆိုရင် ငါကတော့
ဓားတစ်ချောင်းလို့မြင်ပြီး အရာရာကိုခုတ်သတ်ပစ်မိမှာပဲ…..
ကောင်မလေး
နူးညံ့တဲ့အထိအတွေ့တွေက
ခံစားမှုဆိုရင် ငါတို့ရဲ့ရင်ဘက်တွေကို
အသိမ်မွေ့ဆုံး ပန်းပုရုပ်အဖြစ် ထွင်းထုမိမှာပဲ…..
ကောင်မလေး
ဒုက္ခတွေကို ငါ့အတွက်ထားခဲ့ပါ
ပျော်ရွှင်မှု သုခတွေကို နင်ယုယစွာနဲ့ခံယူပါ…..
ကောင်မလေး
နင့်အိမ်မက်ထဲမှာ ငါမပါရပေမယ့်
နင့်အတွေးရဲ့ တစ်ထောင့်တစ်နေရာမှာ
ငါရှိရင်ပဲ ကျေနပ်ပါတယ် ….
ကောင်မလေး
အသုံမ၀င်တဲ့ဖြေရှင်းချက်တွေ မလုပ်ပါနဲ့
အသုံးမကျတဲ့ငါ့ကိုပဲ အပြစ်တင်ပါ
ငါဟာ သုံးစားမရတဲ့အရှုံးသမား ဘ၀နဲ့ပဲ
ရှေ့ဆက်ပါရစေ………
In: ကဗျာ Posted By: Date: Jul 3, 2012
Comment #1

Good…! I like…I’ll Credit You…

commentinfo By: Ko Phyo at Jul 3, 2012
Comment #2

wow,,
so touching,, 😛
anyway,,she’ll regret for loising u.

commentinfo By: ei lay at Jul 3, 2012
Comment #3

thz fri

commentinfo By: dozet at Jul 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment