Professional Authors

ချစ်ခြင်းနဲ့ အပျိုကြီး(မင်းလူန)

မြင်တက်သားပဲ
မကြည့် ချင်တော့ လို့ မျက်နှာလွှဲလိုက်တာ
တစ်ကယ်တော့ အချစ်ဆိုတာ
တွက်ချက်လို့ သိပ်ကောင်းတဲ့ ပုစ္ဆာမဟုတ်ဘူးဆိုတာလဲ
သိသားပဲလေ
တခါတလေတစ်ယောက်ထဲလာရတဲ့ ဘ၀မှာ
တစ်ယောက်တည်းနေရတာလဲ
အရသာတစ်ခု
ကိုယ်နဲ့ မဆိုင်တဲ့ စိတ်ခံစားမှု့ တစ်ခုမှမဟုတ်တာ
ချစ်တက်ရဲ့ သားနဲ့ 
မုန်းဖို့ ကျင့် နေရတာ
ဘယ်လောက်ပင်ပန်းလဲဆိုတာ
ဘယ်သူသိမှာလဲ
ဒီမှာတော့ ကိုယ့် အပူနဲ့ ကိုယ်
မရဲတရဲတို့ ထိကြည့် မိပြန်တော့ 
ချစ်ခြင်းနဲ့ အဖော်မွန်ဆိုတာ
အပူတွေစုပြီးလောင်မြိုက်စေတာ
ရင်ခွင်ပျက်မှသိရတော့ တယ်
ခတ်တယ်ကွယ်
ကိုယ့် ဒဏ်ရာမှာအနာကအမြဲမကျက်ပဲ
စိမ်းစိမ်းစိုစိုနာတယ်
အချစ်နဲ့ မသင့် မြတ်တော့ သူကိုမှ
အထီးကျန်ခြင်းတွေလာလာစုနေတော့ လဲ
တခါတလေ
အားလုံးနဲ့ ကိုမသင့် မြတ်ချင်တော့ ပါဘူးလေ

                                                    မင်းလူန

In: ကဗျာ Posted By: Date: Jul 2, 2012
Comment #1

ကိုယ့် ဒဏ်ရာမှာအနာကအမြဲမကျက်ပဲ
စိမ်းစိမ်းစိုစိုနာတယ်
အချစ်နဲ့ မသင့် မြတ်တော့ သူကိုမှ
အထီးကျန်ခြင်းတွေလာလာစုနေတော့ လဲ
တခါတလေ
အားလုံးနဲ့ ကိုမသင့် မြတ်ချင်တော့ ပါဘူးလေ

commentinfo By: အသဲကွဲမိုး at Jul 2, 2012
Comment #2

kwi,kwi,,
rofl,,
😛
😛
she must b old model spinster.
new model latest spinster won’t feel like that anymore. 😛

commentinfo By: ei lay at Jul 2, 2012
Comment #3

အထီးကျန်ခြင်းတွေလာလာစုနေတော့ လဲ
တခါတလေ
အားလုံးနဲ့ ကိုမသင့် မြတ်ချင်တော့ ပါဘူးလေ

တိုက်ဆိုင်လွန်းလို့ပါဗျာ အားပေးသွားတယ်နော်

commentinfo By: linko at Jul 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment