Professional Authors

မြန်မာ*ဆို* တဲ့ တေးသံ

မြန်မာမှာ မွေး၊ မြန်မာက ကျွေးလို့
လူရုပ်၊ သူရုပ် ဖြစ်တည်လာတာ
အူမတောင့်မှ သီလစောင့် မယ့်
လူမိုက်အကျင့် လာမချိုးနဲ့
အန်ဖက်စို့ပြီး အသေဆိုးနဲ့
ဝဋ်လည်လိမ့်မယ် ……..။

ဒီရေကို သောက်၊ ဒီမြေမှာနေ
အိုး၊ အိမ်၊ စီးပွား ချမ်းသာနေတာ
ကျေးဇူးရှိလို့ ကျေးစွပ်သလိုမျိုး
သခင့်လက်ကို ပြန်ကိုက်တတ်တဲ့
ခွေးရူလိုမျိုး အကျင့်မိုက်နဲ့
မစော်ကားနဲ့ …….။

တပါးတိုင်ပြည် ရောက်လို့နေလည်း
ငါတို့ဆိုတာ ဧည့်သည်တွေပဲ
ဧည့်သည်ဆိုတာ အချိန်တန်လို့ အိမ်ပြန်မယ့်သူ …
ဧည့်သည်ဆိုတာ အိမ်ရှင်ပေါ်ကို ငဲ့ညှာရမယ် ..
ဧည့်သည်ဆိုတာ အိမ်ရှင်ရိုင်းတိုင်း ပြန်မရိုင်းရဘူး ..
ဧည့်သည်ဆိုတာ အချိန်တန်ရင် အိမ်ပြန်ချိန်ဆိုတာ ရှိပြီးသားပဲ …..။

အားတင်းထားကြ ရောင်ရင်းတို့ရေ
ငါတို့ မြေကို ၊ ငါတို့ ကာကွယ်သလို
ငါတို့ကိုယ်ကို ငါတို့ စောင့်ရှောက်ရမယ်
ကျူးကျော်၊ အနိုင်ကျင့်
ဇကောလောက်မှ စောက်မနက်တဲ့
သေးသိပ်အကျင့်နဲ့ စော်ကားမှုတွေကို
မြန်မာ ပီပီ၊ ပညာသားနဲ့အညီ
တုံ့ပြန်လိုက်စမ်း !

အမျိုးကို ချစ်စိတ်
မွေးကျလော့ဟေ့
အမိမြေမွေး ဇာနည်သားတို့
အမိမြေ မွေး သမီးပျိုများ ….
အမျိုးချစ်စိတ် နိုးထကြလော့

ဝေးရောက်သူ အချင်းချင်းတို့
သွေးစည်းညီညွတ် စည်းစည်းလုံးလုံး
နေကြရမယ့် အချိန်ရောက်လို့
အမျိုးသမီး၊ အမျိုးသားတို့
အားလုံး ကိုယ်စီ
အမျိုးဂုဏ်ကို ထိန်းသိမ်းနိုင်ဖို့
မြန်မာဆိုတာ ကမ္ဘာ့တခွင်
သိရှိသွားအောင်
သံပြိုင် ဟစ်ကြွေး
သီဆိုလိုက်စို့ ….
ငါတို့ *ဆို* တဲ့ မြန်မာ့ တေးသံ……………..။

(၂၇-၆-၂ဝ၁၂) (2:15 PM)

(ဒီကဗျာလေးကို ရေးဖြစ်တာက အကို ၁ ယောက်က ပြောလို့ပါ…..။)
http://teresalittleworld.blogspot.com

In: ကဗျာ Posted By: Date: Jun 29, 2012
Comment #1

🙂

commentinfo By: ei lay at Jun 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment