Professional Authors

မောင် ထင်သလိုမှန်ခဲ့ရင်

စစ်တုရင်တစ်ပွဲလို
ပထမအကွက်ထဲက
အမှားမခံခဲ့တာ
ချစ်ခဲ့လို့ လား
ဦးနှောက်ကိုသုံးမိလို့ လား
သေချာတာတော့………..
ငါနှလုံးသားက ပြုံးပြီးကြည့်နေတယ်…။

တစ်စ တစ်စ နဲ့ 
ကြာလာတော့ မပြတ်နိုင်တဲ့
ကစားပွဲလို ……..
အမှားမခံနိုင်တဲ့အခြေအနေ ကို
ရောက်မှန်းမသိရောက်နေ
ရောက်နေခဲ့ပြီ……….။

တို့ နှစ်ယောက်ကြားက
တို့ တွေထိန်းသိမ်းခဲ့ကြတဲ့
အဖြူဖြူသက်သက်
အရောင်တွေလဲ
မှိန်လာသလို..လို…
မြင်ပြန်တော့လဲ
မြှားတံဦးခေါင်းလို
ဦးတည်ရာတစ်ဖက်ထဲကိုပဲ
ဖြောင့်ဖြောင့်ကြီးရွေ့ လျားနေကြပြီ….။

နှစ်ယောက်သားငြိမ်းချမ်းခဲ့ကြတဲ့နယ်မြေတွေလည်း
အခုတော့ ………………………… ………… . ……
စစ်မြေပြင် ဆန်ဆန် ရိုးတံထီးထီး
ဒဏ်ရာဗလဗွနဲ့  အနာတရ ဖြစ်နေတဲ့
မြို့ ပျက်တစ်ခုလို
ဆေးကူမယ့်လူ မျှော်ရုံကလွဲလို့ 
တို့ တွေဘာတတ်နိုင်ကြဦးမလဲ…..။

မောင် မင်းကိုယုံခဲ့ပါတယ် “ကေသီ”
ဗွေဆိုးဆိုတာလဲ ဖျောက်ရခက်တယ်
ကိုယ်သိပါတယ်……………..
ဒါပေမယ့်လည်း……………
မင်း ဂါထာလိုရွတ်တတ်တဲ့
သစ္စာ တရားလေးတော့
မင်းနှုတ်ကျိုးနေမယ်လို့  မောင်ထင်ခဲ့မိတာ
မောင်မှားခဲ့လား……….။

In: ကဗျာ Posted By: Date: Jun 28, 2012
Comment #1

😛

commentinfo By: ei lay at Jun 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment