Professional Authors

ကြာသပတေး

 

နင်နဲ့ငါ ကြည်နူးဖူးတဲ့ ကြာသပတေးနေ့……….

အဝေးက ပြန်လာမဲ့ နင့်ကို

ငါ တောင်းခဲ့တဲ့ လက်ဆောင် ချစ်ခြင်းတရား………

နင်ကလည်း ကြာသပတေးနေ့မှာ

ပြန်လာဖို့ ဂတိပေးခဲ့တယ်

 

     (ပထမပတ်ရဲ့ ကြာသပတေး)

တောင်ကြောပေါ်မှာ ရပ်စောင့်ရင်း

ယောက်ယက်ခတ်နေတဲ့ ကောင်မလေး တယောက်

 

     (ဒုတိယပတ်ရဲ့ ကြာသပတေး)

High Way လမ်းမကြီးကို ငေးကြည့်ရင်း

သတင်းစကားစောင့်နေတဲ့ ကောင်မလေးတယောက်

 

     (တတိယပတ်ရဲ့ ကြာသပတေး)

ဟိုးက လာနေတဲ့ လူတယောက်

ငါ့လက်ဖ၀ါးက ချွေးစီး ရင်ဘတ်ပေါ်ထိ စီးကျတယ်

ငါ့ပါးပြင်ပေါ်က ယူကြုံးမရ မျက်ရည်

တောင်အောက်ကို ဆင်းတယ်

 

      အခု နှစ်တနှစ်ရဲ့ ကြာသပတေးကို ရောက်ပြီ

ဒီနေ့မှ မြူတွေဝေနေလိုက်ကလည်း

အထိတ်ထိတ် အလန့်လန့် ၀မ်းနည်းနေသလိုမျိုး

            လျှောက်နေကျ မြေနီလမ်းလေးတောင် မှိုင်းမှိုင်းပျပျ

လိပ်ပြာလေးတွေတောင် ကြာသပတေးနေ့အကြောင်း ပြောလို့

လူတွေကလည်း ကြာသပတေးနေ့မှာမှ ခမ်းနားနေကြတယ်

တလောကလုံး ဒီကြာသပတေးနေ့မှာ လန်းဆန်းနေကာမှ

ထွက်ခွါသွားတဲ့ ခြေသံကတော့ တိတ်ဆိတ်လွန်းတယ်….။

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment