Professional Authors

တနေ့နေ့

 

တခါတလေ ရူးလောက်အောင် စိတ်ဓာတ်ကျတဲ့နေ့တွေရှိတယ်

အတောင်ပံတချောင်းကျိုးရုံနဲ့ ပျံသန်းဖို့ အားမရှိတော့တဲ့ ငှက်တကောင်အကြောင်း နင် သိပါ့မလား

ရင်ထဲမှာ စူးရှရှနဲ့ ဘယ်တရားမှ လက်ကိုင်ထားလို့ မရတဲ့ နေ့တွေ……….

ဘယ်ကို လွမ်းလို့ လွမ်းရမှန်း မသိတဲ့ ရက်တွေ………

အဆိပ်သင့်နေတဲ့ ဒီလက်ကိုမှ ကမ်းလိုက်မိတဲ့ ညနေတွေ……….

ဟိုးအဝေးက မြောက်အရပ်ကို ဦးတည်သွားတဲ့ တိမ်တွေ

နင်နဲ့တွေ့ရင် အလွမ်းဖွဲ့ကဗျာတွေကို ဆိုပြပါလိမ့်မယ်

နင် တနေ့တော့ ငါ့ဆီ ပြန်လာပါ

တနေ့နေ့ပေါ့……….

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment