Professional Authors

အမှန်တရား

 

အမှန်တရားတဲ့လား

နားလည်ဖို့တောင် ခက်တယ်

အမှန်တရားတဲ့လား

ယုံကြည်ချက်ရှိယုံနဲ့ ဘ၀က ပြီးမှ မပြီးတာ

အမှန်တရားတဲ့လား

နောက်ကျောကို ဓားနဲ့ထိုးမှလူယုတ်မာ မဟုတ်ဘူး

အမှန်တရားတဲ့လား

ခေါင်းငုံ့ပြောရင် ဘယ်သူမှ မယုံဘူး

အမှန်တရားတဲ့လား

မတန်ရင် ဘာမှ မယူဘူးဆိုတဲ့စိတ် ရှိတိုင်းလည်း မကောင်းဘူး

အမှန်တရားတဲ့လား

သွေးပျက်နေတဲ့ ဂျူးတွေရဲ့ အော်သံ

ဆိုကရေးတီးရဲ့ အဆိပ်ခွက်

ဒါဝင်ရဲ့ လူသားအစခံယူချက်

အားလုံး အားလုံးတို့ဟာ

အဲ့ဒီ အမှန်တရားရဲ့ ၀ါးမြိုခြင်းကို ခံခဲ့ရတယ်

အမှန်တရားဟာ ကြောက်ရွံ့မှု မဖြစ်သင့်ဘူး

အမှန်တရားဟာ လူများလို့ အတည်ပြုမခံသင့်ဘူး

အမှန်တရားဟာ ပြောပါများလာလို့ ထင်ယောင်ထင်မှား အဖြစ်မခံသင့်ဘူး

အမှန်တရားကြောင့် ဖြစ်တဲ့စစ်ပွဲတွေ

အမှန်တရားကြောင့် သေဆုံးသွားရတဲ့ လူတွေ

အမှန်တရားအောက်မှာ ပျောက်ကွယ်သွားခဲ့တဲ့ မျက်ရည်တွေ

အဲ့ဒီအမှန်တရားအကြောင်း ခင်ဗျားပြောတော့မယ်ဆိုရင် ကျုပ်ရှိရာ ရွာ့ပြင်ကိုသာ လာခဲ့ပါ

 

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

အဲ့ဒီအမှန်တရားအကြောင်း ခင်ဗျားပြောတော့မယ်ဆိုရင် ကျုပ်ရှိရာ ရွာ့ပြင်ကိုသာ လာခဲ့ပါ

အထူးအထွေမပြောလိုတော့

အမှန်တရား ဟာ လူ့ဘောင်ဝန်းကျင်မှာ … သိပ် ခါးသက်နေတဲ့ အရာ

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment