Professional Authors

ရောဂါအကြောင်း ရင်ဖွင့်ခြင်း

 

 

     ဟုတ်တယ် အမေ

အခုတလော သမီးဗိုက်ထဲက အောင့်အောင့်နေတယ်

အင်း…အစာအိမ် ပြန်ဖြစ်တယ် ထင်တာပဲလေ

            ဟုတ်ကဲ့ပါ… မတည့်တာတွေ မစားပါဘူး အမေရဲ့

      ပြီးတော့ ရင်ဘတ်ဘေးတွေလည်း အောင့်တယ်

သမီးအကြောက်ဆုံး မျိုးရိုးလိုက်တာများ

ဖြစ်တော့မလားလို့ စိုးရိမ်လိုက်တာလေ

 

     ဘုရားလား အမေ…

ဟုတ် မှန်မှန်ရှိခိုးပါတယ်

ဗောဇ္ဈင်္ဂသုတ်လည်း ရွတ်တယ်

ပြီးတော့ သစ္စာလည်း ဆိုတယ်

တဖြည်ဖြည်းတော့ သက်သာသွားမှာပါ

 

      တော်ပြီအမေ

ဆရာဝန်တော့ မပြချင်ဘူး

ခွဲမှာ ကြောက်တယ်

 

      ကင်ဆာတော့ မဟုတ်ဘူး ထင်တာပဲလေ

ကင်ဆာဆိုတော့လည်း အမေရယ်

ကုမနေတော့ဘူး

အမေ့ကို ဒုက္ခတွေနဲ့

အကြွေးတွေနဲ့ ချန်မထားခဲ့ချင်ဘူးလေ

 

      ဟင်..အမေ့အရင် သမီးသေမှာ ကြောက်တယ် ဟုတ်လား

အမေကလည်း သမီးလည်း သမီးအရင် အမေသေမှာ ကြောက်တာပဲလေ

မငိုပါနဲ့ အမေရယ်

လူဆိုတာ သေမျိုးချည်းပဲကိုး

 

      ကဲပါ အမေရယ်

အမေ စိတ်ပူနေရင်လည်း သမီး စနေနေ့ကျ သွားလိုက်မယ် ဟုတ်ပြီလား

အခုတော့

ရောဂါကို ဘုရားကု ကုလိုက်ဦးမယ်အမေ

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

ဆရာဝန်တော့မဟုတ်ဘူးဗျ ဒါပေမယ့်ဖတ်မိတယ် ကင်ဆာမဟုတ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်ဗျာ ။

commentinfo By: X - ray at Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment