Professional Authors

ဘယ်ဘက်

 

      ဖြတ်ခနဲ လန့်နိုးတဲ့အသိ

ဘယ်ထောင့်ချိုးမှာ တဆစ်ဆစ်ကိုက်ခဲနေတဲ့

နှလုံးသားအပေါ်ယံကြောက အနာ….။

 

      တိတ်ဆိတ်နေတဲ့အခန်း

ခေါင်းအုံးပေါ်က ဖရိုဖရဲဖြစ်နေတဲ့ ဆံနွယ်တွေရဲ့

စီးကပ်ကပ် မျက်ရည်တွေကြား…

မာန်ဖီနေတဲ့ ၀ံပုလွေတကောင်

နတ်ဘုရားတို့ထံ တိုင်တည်မိတယ်….။

 

      တသက်လုံး ပြုလာခဲ့တဲ့ ဆင်ခြင်မဲ့မှုတွေ

ယုံကြည်ရာ ပျောက်ဆုံးခဲ့တဲ့ နေ့တွေ

အတွင်းမှာ ယိုစိမ့်ခဲ့တဲ့ ကောက်ကြောင်းရာတွေ

အားလုံး အားလုံးဟာ…

ကိုက်ခဲပျောက်ဆေး သောက်တာတောင် မပျောက်တော့ဘူး….။

 

      ခိုကိုးရာမဲ့ ကလေးငယ်တယောက်ရဲ့

ပစ်စက်လက်ခတ် တမ်းတသံကို

သူ့မိခင်ကြားနိုင်ပါ့မလား

ပြေးထွက်ခဲ့တဲ့ အမှောင်လမ်းက ရှည်လျားလွန်းတယ်…။

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment