Professional Authors

၂၁ ရာစု မှတ်တမ်း

 

       ရလာဒ်တခုအတွက်

နေမြင့်လေ အရူးရင့်လေ ဘ၀နဲ့

ရုန်းလည်း မထွက်ရဲ

ရှေ့ဆက်တိုက်ဖို့ကျတော့လည်း

လက်ရှိဒဏ်ရာက အကျက်မမြန်သေးဘူး….

 

       မုသားပြောတဲ့သူနဲ့မပြောတဲ့သူ

ပြောတဲ့သူက ရဲရဲကြည့်တော့လည်း

ဒီမုသားကိုပဲ အမှန်ထင်သွားတော့တယ်….

 

       ကိုယ်ပိုင်အတ္တလေးတခုစာအတွက်ပါ

ချနင်းသင့်တယ်ထင်ရင်လည်း နင်းပေါ့

ခြေထောက်မှာ မျက်စိမှ မပါတာလို့ပဲ

ဖြေသိမ့်ရတော့မယ်လေ….

 

       လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာနေရင်

လူလိုပဲ ကျင့်ရမယ်တဲ့

လူသားဆန်ဖို့ ငွေကြေးလိုပါသလား

လောကကြီးရေ……

 

      သိက္ခာတရားအတွက်

မနက်စာငတ်တဲ့ နေ့တွေအကြောင်း

ဒိုင်ယာရီထဲ ထည့်တောင် မရေးချင်ဘူး

 

       လူသေရင် နာမည်ကျန်ဖို့လိုသတဲ့

နရသီဟပတေ့ရဲ့ ဟင်းခွက် သုံးရာကို

အရင်မြည်းခဲ့တဲ့ ခွေးဟာ ငါဖြစ်ကြောင်း

သမိုင်းကို ၀န်ခံဦးမှ ဖြစ်မယ်…..။

 

 

In: ကဗျာ Posted By: Date: Jun 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment