Professional Authors

ဝင်ကစွပ်ကောင်

တနေ၀င် တနေထွက်နဲ့

ရိုက်ချိုးခံခဲ့ရတဲ့ အတောင်နှစ်ဖက်ကို အားပြန်သွင်း

တိမ်းတိမ်းမူးမူးနဲ့သတိရတတ်တဲ့စိတ်က

ရင်ကိုဆောင့်တယ်….။


 လေလာမှ မြစ်ညာအရပ်ကို ပြေးတတ်တဲ့တိမ်တွေ

မုန်တိုင်းထန်မှ အကာအကွယ်ယူဖြစ်တဲ့ ကျောက်ဆောင်တွေ

လမိုက်ညကိုမျှော်နေတတ်တဲ့ မိစ္ဆာတွေ

ငါ့ တကိုယ်စာတရားအတွက် မီးထွန်းဖို့ နေ့တနေ့တော့ လိုတယ်….။


 ငါ့တကိုယ်လုံးလောင်ကျွှမ်းမှ ရလာတဲ့ အနွေးဓာတ်အောက်မှာ

နင် ခမ်းခမ်းနားနားရှိနေပါ့မလား….

ကံမကောင်းတတ်တဲ့ ကြယ်ဆိုတော့လည်း

ကြွေကျတဲ့ လမ်းမှာတောင်  ကစုန်းတ၀ါးနဲ့

ဘယ်သူမှ ထုပ်ပိုးသိမ်းဆည်းဖို့ မပြင်ဆင်ကြဘူး…။


အရိပ်ခိုဖူးတဲ့ သစ်ပင်တပင်ရဲ့အကိုင်းတခုကို ချိုးခဲ့သလိုမျိုး

ရီသလို မောသလိုနဲ့

သွေးအေးအေး ပြန်ပြောတတ်ဖို့တော့ လိုနေပြီ….။

In: ကဗျာ Posted By: Date: Jun 21, 2012
Comment #1

ကျွန်တော့် Facebook မှာတောင် ရှဲလ်ထားလိုက်တယ်..ကြိုက်ချက်

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment