Professional Authors

´´ အိမ်ပြန်ချိန် “

´´ အိမ်ပြန်ချိန် “ ဥသြတွန်သံဟာ ဂိမာန္တတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ထိုင်နေကျခုံတန်းလေးပေါ် အလွမ်းပန်းတွေ ပွင့်ဝေလို့ ´´ဥသြ…..ဥသြ…..“ မခွဲချင်ဘူးကွာ…..ကိုတို့တွေ ဝေးကြရတော့မယ်နော် တစ်ယောက်နဲ့တစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်မှုတွေ တစ်ယောက်နဲ့တစ်ယောက် နက်ရှိုင်းတဲ့ နုတ်ဆက်အနမ်းတွေ နုတ်ခမ်းတွေကြားမှာ အပြိုင်ပွင့်နေကျ အသဲစကားပန်းတွေ သစ်ရွက်ခြောက်လိုဝဲကြွေ မြေမှာခပေါ့ ´´ ဥသြ….. ဥသြ….. “ ကာရန်မညီတဲ့ လေပွေရူးသံစဉ်နဲ့ အရွက်တွေကိုငိုချရင်း အသံတိတ်ကဗျာရွတ်နေတဲ့ အရိုးပြိုင်းပြိုင်းသစ်ပင်တွေ လေတေရူးတွေရဲ့ သယ်ဆောင်ရာ စိတ်တွေလွှင့်ပျံ့ အချစ်အာကာပြင် အရိပ်အောက်မှာ အိမ်ပြန်ချိန်ဟာ ဂိမာန္တတဲ့လား ´´ ဥသြ….. ဥသြ….. “ တစ်ကြိမ်တစ်ခါမှ မချစ်ခဲ့ဖူး မဝေးခဲ့ဖူးလို့ မခံစားဖူးသေးတဲ့ ရူးမတတ် အလွမ်းမီးလျှံလုံးကြီးတွေကို ရင်နဲ့မမျှအောင် ကိုယ်ဝန်ဆောင်ထားနေရတာ ဂိမာန္တတဲ့လား ´´ ဥသြ….. ဥသြ….. “ ဥသြငှက်ခလေးရယ်…..အလွမ်းမီးတွေ ပိုပိုပြီးတောက်လောင်လာအောင် ကြေကွဲ ဆွေးမြေ့ လွမ်းစွတ်ဖွယ်ကောင်းလှတဲ့ အသံနဲ့ မသီကြွေးပါနဲ့ တော့လား ´´ ဥသြ….. ဥသြ….. ဥသြ….. “ သြော်…..ငှက်ငယ်လေးရယ် မင်းမှာလည်း မင်းခံစားချက်နဲ့မင်း ရှိနေမှာပါပဲလေ….. ´´ ဥသြ….. ဥသြ….. ဥသြ….. ဥသြ….. ဥသြ….. ( 1. Feb. tue. 2010 ) ခွန်ကြယ်ဖြူ /ဆီဆိုင်

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

ဥသြ….. ဥသြ….. ဥသြ…

commentinfo By: chityellusoelay at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment