Professional Authors

ကဗျာ

                                                  “ပြီးတော့…..ငါ့ကို……”
                                                                               မင်းထက်ညိမ်း
*သူ့ရဲ့ ရေးလက်စ၀တ္ထုကို ရယ်မောသံနဲ့ အဆုံးသတ်လိုက်တယ်။
  သူဟာ ၀တ္ထုကို သဘောကျလို့
           ရယ်မောသံကို သဘောကျလို့
 ပြီးတော့ ငါ့ကို ငြင်းဆန်ပြန်ရော…….။
*သူ့ရဲ့ စိတ်ကူးကို ဟင်းလင်းပြင်ထဲ လွှင့်ပစ်လိုက်တယ်။
 သူဟာ စိတ်ကူးကို အလိုမတူလို့
  ဟင်းလင်းပြင်ကို အလိုမတူလို့
ပြီးတော့ ငါ့ကို လက်ခံပြန်ရော……….။
*သူ့ရဲ့ မျက်နှာကို ညနေခင်းဘက် လှည့်လိုက်တယ်။
 သူဟာ မျက်နှာကို မမှတ်မိလို့
          ညနေခင်းကို မမှတ်မိလို့
 ပြီးတော့ ငါ့ကို နှုတ်ဆက်ပြန်ရော……။
*သူ့ရဲ့ မနက်ဖြန်ကို လမ်းမပေါ် ထိုးရပ်လိုက်တယ်။
 သူဟာ မနက်ဖြန်ကို အစပြုဖို့
          လမ်းကို အစပြူဖို့
 ပြီးတော့ ငါ့ကို ခရီးဆုံးထိ ခေါ်နေပြန်ရော…..။
*သူ့ရဲ့ ဘ၀ကို ပလိတ်ဓါးလှိးဖြတ်ပစ်လိုက်တယ်။
သူဟာ ဘ၀ကို အလိုလိုက်မိလို့
          ဘ၀ကို လိုက်ရောမိလို့
ပြီးတော့ ငါ့ကို စကားစမြည်ပြောနေပြန်ရော….။
*သူ့ရဲ့ ရေပန်းကို အဆုံးထိဖွင့်လိုက်တယ်။
 သူဟာ ရေပန်းကို ရွာသွန်းမြဲထက်ပိုမိလို့
           ချစ်ခြင်းကို ရွာသွန်းမြဲထက်ပိုမိလို့
 ပြီးတော့ ငါ့ကို အမြဲအားဖြင့်သာယာနေပန်ရော….။
သူ့ရဲ့ အခြားသော….ကို တစ်စုံတစ်ယောက်ထံ ပို့ပစ်လိုက်တယ်။
သူဟာ အခြားကို အစပြုဖို့
       တစ်စုံတစ်ယောက်ကို အစပြုဖို့
ပြီးတော့ ငါ့ကို…………………….။            ။
                                            မင်းထက်ညိမ်း

In: ကဗျာ Posted By: Date: Jun 17, 2012
Comment #1

nice.

commentinfo By: ei lay at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment