Professional Authors

မျက်နှာတော်

မျက်နှာတစ်လျှောက်
တစ်ရက်တစ်ခါလောက်တောင်
check မှာကြောက်နေသော
သူမကို ကျွန်တော် မြတ်နိုးမိပါသည်။
အပစ်ကင်းစင် တဲ့သူမရဲ့
ချစ်ခြင်းတွေကိုလဲ
 တစ်ထစ်ခြင်းသင်နေရတာ
ပင်ပန်းလွန်းပါ၏ ။
သူ့မျက်နှာတော် မော်ဖူးဖို့တောင်
အတော်ရူးနေတဲ့ကောင်ပါလို့
ကန်ဘောင်သွားပြီး အော်ဖုးပါသည် ။
မိုးရေ တစ်လျှောက်
တို့တွေလျှောက်ရင်း
နင့်အမျိုးတွေအကြောင်းနဲ့
ငါ့အချိုးတွေပြောင်းဖို့ ပြောခဲ့ကြတယ်
ငါလက်ခံပါတယ် …
ငါဆိုတဲ့ကောင်က
နင့်ချွေးတစ်ပေါက်
မြေပေါ်ရောက်မှာတောင်
သေအောင်ကြောက်နေတဲ့ကောင်ပါ….

သူ့ မိုးထဲတစ်လျှောက် တို့တွေလျှောက်ရင်း
နင့်အမျိုးတွေအကြောင်းနဲ့
ငါ့အချိုးတွေ ပြောင်းဖို့ ပြောခဲ့ဘူးပါတယ်
သူ့မျက်နှာ တစ်လျှောက်
လပြည့်ဝန်းကဲ့သို့
ပြဿနာ ပျောက်ကာနေသည်
သူ့အကြည့်က အရာရာကို
အေးချမ်းစေပါ၏
သူ့ချွေးတစ်ပေါက်
မြေပေါ်ရောက်တောင်
သေအောင် ကြောက်နေတဲ့သူပါ

In: ကဗျာ Posted By: Date: Jun 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment