Professional Authors

“(အလဲအကွဲ) အသဲကွဲခြင်း”

“(အလဲအကွဲ) အသဲကွဲခြင်း”

ဟိုတစ်ရက်က….
 နှလုံးသားက “ပြည်” ပေါက်ထွက်သွားတယ်
 သွေးအလိမ်းလိမ်းနဲ့ မြင်ချင်စရာမကောင်းပေမယ့်
ငါမငိုခဲ့ဘူး….. ပြိုကျလုဆဲဆဲ
မျက်ရည် အနိုင်နိုင်ထိန်းလို့
လူမိုက်ဇာတ်လည်း သိမ်းခဲ့တယ်။ ။

အနာဟောင်းဖြစ်နေတဲ့ ဒဏ်ရာ
အရာရာ အသစ်က ပြန်ခံစား
အခါတစ်ရာ မှားခဲ့ပေမယ့်
 ဒီတစ်ခါ အနာဆုံးပဲ။ ။

အချစ်တစ်ခုအတွက် နီးစပ်မှုတစ်ခု
လိုကောင်းလိုတယ်ဆိုတဲ့ သင်ခန်းစာ
 ငါ မသင်ချင်ပဲ တတ်ခဲ့ပြီလေ
မပြောင်းလဲစွာ ချစ်ခဲ့မိသူအတွက်
ဒဏ်ရာဆိုတာ အမှတ်အသားတစ်ခု
 ဖြစ်နေပြီမို့ နာကျင်တာဟာ
မဆန်းတော့ပါဘူး။ ။

In: ကဗျာ Posted By: Date: Jun 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment