Professional Authors

နင်မသိခဲ့တဲ့ ငါ့အကြောင်း …………..

 

သမရိုးကျ ဖြစ်နေတဲ့ အဖြစ်အပျက်ပါပဲ

ဟုတ်ပါတယ် …

ငါနင့်ကို သိပ်လွမ်းတယ် …

ပြတင်းတံခါးဖွင့်ထားပေမယ့်လည်း

အိုက်စပ်စပ် အခန်းကျဉ်းလေးထဲမှာ

ငါ … သက်ပြင်းတွေနဲ့ မွန်းကြပ်နေတယ် …

ဟုတ်ပါတယ် …

အရင်ကတည်းက မသက်ဆိုင်ခဲ့ပါဘူး …

ပတ်သက်စရာအကြောင်း တစ်စုံတစ်ရာမရှိတောင်

တစ်ခဏလောက် အိပ်မက်ခွင့်ပြုပါလား …

မပိုင်ဆိုင်ဖူးတဲ့ ပျော်ရွှင်မှု

မကြင်နာဖူးတဲ့ နင့်ပါးပြင်ကို

တစ်ဘ၀လုံးစာ ငါ အမှတ်ရနေချင်လို့ပါ …

ပုံရိပ်တွေကို မျှော်လင့်ခွင့်မရှိပေမယ့်

နင့်စကားသံတွေ ငါတမ်းတတယ် …

ကြယ်တွေကို ရေတွက်ရင်း

ဘယ်တော့ မိုးလင်းပ့ါမလဲပဲမေးချင်တယ် …

ကောင်းကင်ကြီးရယ် ကျေးဇူးပြုပြီး

ကြယ်တွေကိုသာ ရွာချလိုက်ပါ …

အသည်းကွဲ ဒိုင်ယာရီ

ငါ့ကိုရည်ညွှန်းတဲ့ တိတ်တဆိတ်သီချင်း

တိုးတိုးလေး ညဉ်းရင်း

ဒီတစ်ညတော့ ငါပျော်အောင်အိပ်တော့မယ် ……………………….

In: ကဗျာ Posted By: Date: Jun 14, 2012
Comment #1

really nice,
have a nice sweet dream.

commentinfo By: ei lay at Jun 14, 2012
Comment #2

Oh!Great!
me too.
have a nice dream!

commentinfo By: loafer at Jun 14, 2012
Comment #3

ကျွန်တော် နှစ်သက်စွာအားပေးသွားပါတယ် ..ပျောက်နေတယ်နော်

commentinfo By: အသဲကွဲမိုး at Jun 15, 2012
Comment #4

ကျွန်တော်ကဗျာလေးကိုနှစ်သက်သောကြောင့်shareမိပါသည်။

commentinfo By: min aung at Jun 15, 2012
Comment #5

အမယ် ဂေါက်သီးမကြီးရေ ဒါမျိုးဆိုဂျွတ်တယ်ဟုတ်လား

commentinfo By: ayokelay at Feb 11, 2013
Comment #6

ate loh ya bu.

commentinfo By: ei lay at Feb 11, 2013
Comment #7

အရင်ကတည်းက မသက်ဆိုင်ခဲ့ပါဘူး …

ပတ်သက်စရာအကြောင်း တစ်စုံတစ်ရာမရှိတောင်

တစ်ခဏလောက် အိပ်မက်ခွင့်ပြုပါလား …

commentinfo By: မေပျို at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment