Professional Authors

ခပ်ညံညံ အတွေးနဲ့ ဘ၀ကိုခပ်ပေါ့ပေါ့ ဖြတ်သန်းချင်တဲ့ တေလေ ဂျပိုးတစ်ယောက်

စိတ်ကူးလေးအတိုင်း
ရွက်လွင့် လေနှင်ရာ ၀ဲဖို့
ငါကခြောက်ကပ်နေတဲ့ သစ်ရွက်ခြောက်
စိတ်ထဲဘ၀င်မကျတိုင်း
မရှိတာကိုအရှိလုပ်ပြီး ပြသနာရှာနေတတ်တဲ့
စိတ်ဂူးဖောက်နေတဲ့ ခပ်တေတေ ဂျပစီတစ်ယောက်
ပြသနာတွေနဲ့နေသားကျလာတော့
ဘ၀ပုစ္တာတွေကို အဖြေရှာတွတ်တိုင်း
သက်ပြင်းအမောတွေ ခေါင်းခါမှုတွေပဲ
တွက်နိုင်တဲ့ ခပ်ညံညံ သချာင်္တွက်တတ်သူတစ်ယောက်
အတိတ်ကိုကြည့်တော့ ၀ိုးတိုးဝါးတား
ပစ္စုပန်ကိုကြည့်တော့လဲ မရေမရာ
အနာဂါတ်ကိုကြည့်မိပြန်လဲ မသေမချာနဲ့
လိမ်လည်တတ်တဲ့ စိတ်ပညာရှင်တစ်ယောက်
နောက်ဆုံးတော့
ငါက ခပ်ညံညံ အတွေးနဲ့ ဘ၀ကိုခပ်ပေါ့ပေါ့ ဖြတ်သန်းချင်တဲ့
တေလေ ဂျပိုးတစ်ယောက် 🙁

In: ကဗျာ Posted By: Date: Jun 14, 2012
Comment #1

mike de..
r kya twar p.
hote de,,lu so tar koh kou bar le so tar ti phoe lo de lay.

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment