Professional Authors

စိုးရိမ်ချစ် !

မပိုင်ပေမယ့်လည်း
ချစ်မိနေတဲ့ ငါ …
အရာရာအတွက်
သ၀န်တိုတတ်သလို
စိုးရိမ်တတ်တယ် ……။

ချစ်နေမိလို့
အလွမ်းကိုပျိုး
ကဗျာကိုအဖော်လုပ်ပြီး
စာလုံးလေးတွေကို ငါ …
သီကုံးခဲ့တယ် ..
ချစ်ခြင်းအတွက်
စိုးရိမ်ခြင်းတွေကိုပေါ့ ….။

မျိုသိမ့်အချစ်
ဘေးနားကပ်လျက်
ဝေးကွာနေတာ
ကြေကွဲခြင်းတွေနဲ့
ငါ …
တစ်ယောက်တည်းပေါ့…။

မိန်းကလေးမို့
ဟန်ဆောင်နေပေမယ့်
အကြင်နာ တစ်စုံအတွက်
တိတ်တခိုးလေးတော့
ငါ … မျှော်လင့်ဖူးတယ် …..။

မိန်းကလေးချစ်
သတိုဝန်တိုတာမို့
အခြားသူနဲ့ ချစ်သွားမှာလည်း
တွေးကြောက်..ပူရ
စိုးရိမ်မိတယ် …….။

ဒီလိုအတွေး
တစ်ယောက်တည်းတွေးပြီး
စိုးရိမ်ချစ်တွေနဲ့
ကြောက်နေမိတယ်…………………။

(၁၄-၆-၂ဝ၁၂)
(ညီမလေး ၁ ယောက်ရဲ့ ရင်ဘက်ကိုငှားရမ်းခဲ့ပါကြောင်း……….။)

In: ကဗျာ Posted By: Date: Jun 14, 2012
Comment #1

nice,

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment