Professional Authors

အလှည့်

ခက်ထန်မှုတွေကြား ရင်ခုန်သံတိုးတိုးရယ်
မကြားနိုင်တာလား မျက်နှာလွှဲထားတာလား
မုန်တိုင်းကြမ်းကြမ်းတွေ ပစ်လွှတ်လိုက်
မိုးကြိုးပါပစ်အုံးမတဲ့လား လုပ်လိုက်လေချစ်သူ….
စကားလုံးတွေနဲ့အကြိမ်ကြိမ်နှိပ်စက်
မင်းပစ်ချခဲ့တာ ငါ့သိက္ခာ
ရေထဲမှာ နစ်လိုက်မြုပ်လိုက်နဲ့
ဘ၀ဆိုတာ အတုံ့အလှည့်
အချိန်ဟာခဏပါ… သံသရာကလည်မြဲ
အရှုံးတွေရင်မှာစည်း… သည်းခံပါ့မယ်ချစ်သူ…
အလှည့်ပျောက်လို့ ခေါင်းငုံနေမယ်
ကြုံကြိုက်လို့ လက်စားချေရင်
မင်း………
အရင်လိုအပြုံးတွေလှနိုင်ပါစေ

In: ကဗျာ Posted By: Date: Jun 14, 2012
Comment #1

huh,,
ma nat phyan tay twar yin be lo loak ma le hin?
kha na nay a tet pyout twar yin be lo loak ma le hin?

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment