Professional Authors

ဒီကမ္ဘာပေါ်က သူလိုကိုယ်လိုမေးခွန်း

x

တတိတိ ကိုက်ဝါးမိတဲ့ အိပ်မက်အသေတွေ

ပစ်စလက်ခတ် ပဲ ပြုတ်ကျ

ကိုယ့်ကိုကိုယ် ချိတ်ဆွဲထားလိုက်တယ်

တိုးလို့တွဲလောင်းပဲ

အရည်ပျော်စပြုနေတဲ့ ခပ်ယဲ့ယဲ့အပြုံးတုက

တစ်တောက်တောက်နဲ့ဗျာ… နိမိတ်ပုံတွေကလဲမကောင်း

ကိုယ့်အသက်ရှူသံပဲ အဖော်ပြု

ရှည်လာတဲ့ လက်သည်းကြား အမုန်းတရားတွေ ဖွက်ထားမိတယ်

အသားကျနေတဲ့ ရှုပ်ယှက်ခတ်မှုတွေ

စိတ်ကိုအစာကျွေးဖို့ ရမ္မက်လိုနေပြီ

အခုအတိုင်းဆိုရင်ပေါ့

အဖြေမလိုချင်တဲ့ မေးခွန်းများစွာ

အခန်းထဲအောင်း ထုခွဲချေမွပစ်သူ

ခု ရောက်နေတဲ့ကမ္ဘာမှာ အတုအယောင် မေတ္တာတရားရှိသလား

ခု ရောက်နေတဲ့ ကမ္ဘာမှာ မုသားစကားတွေပြောသလား

ခု ရောက်နေတဲ့ ကမ္ဘာမှာ သူလိုကိုယ်လိုလူတွေပေါသလား

ခု ရောက်နေတဲ့ ကမ္ဘာမှာ အစွဲအလမ်းကြီးသူတွေ ကြီးစိုးသလား

ခု ရောက်နေတဲ့ ကမ္ဘာမှာ ………….

ခု ရောက်နေတဲ့ ကမ္ဘာမှာ ………….

ခု ရောက်နေတဲ့ ကမ္ဘာမှာ ………….

ခု ရောက်နေတဲ့ ကမ္ဘာမှာ ………….

ခပ်မျှင်းမျှင်း သက်ပြင်းတစ်ချို့ကြား တိုးဝှေ့

အဖြေတစ်ချို့ ခြောက်ကပ်မသွားခင်ထုပ်ပိုးဦးမှ

ခပ်ဝေးဝေးကအသံတစ်ခု အနီးကပ်ဆုံးကြားရပြန်တယ်

သိပ်နောက်ကျသွားပြီတဲ့ ……  ။   

မိုးသစ် (ခ) မိုးလူ

 

 

 

 

 

In: ကဗျာ Posted By: Date: Jun 13, 2012
Comment #1

ခု ရောက်နေတဲ့ ဒီကမ္ဘာက
(အပျောက်အရှများတယ်)

commentinfo By: နတ်သမီး at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment