Professional Authors

ချစ်ပြစေချင်တယ်

မေ့ချင်ပေမယ့်
တစ်ခါတလေတော့လည်း
သတိရမိတတ်ပါသည်….

မလွမ်းချင်ပေမယ့်
တစ်ခါတလေတော့လည်း
လွမ်းမျက်ရည်ဝဲမိပြန်ပါသည်…

မချစ်တတ်ချင်တော့ပေမယ့်
တစ်ခါတလေတော့လည်း
အချစ်တစ်ခုကို ရှာဖွေမိပြန်ပါသည်..
နင်ဘယ်မှာလဲ
ရှာလိုနေဆဲ…
ရှာလိုနေဆဲ…
ရှာလိုနေဆဲ…
မတွေ့တဲ့အဆုံး
ငါ့ကို ……
ဟန်ဆောင်အချစ်နဲ့ချစ်ပြပါ
ဒါမှ နင်ထားခဲ့တဲ့ ဒဏ်ရာတွေကို
မေ့ပျောက်နိုင်မယ်လေး…..

Second Two
5:00 Pm
05.28.10

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

ဟန်ဆောင်အချစ်နဲ့တော့ အချစ်မခံပါနဲ့
ကိုယ်ပဲခံရမှာပဲ….

commentinfo By: Moon at Jul 30, 2010
Comment #2

ထင်လို့ပါဗျ ဟန်ဆောင်အချစ်ဆိုတာမကောင်းပါဘူး မတွေ့ချင်ပါနဲ့ Second Two
ကဗျာလေး ကောင်းတယ်
ခံစားအားပေးသွားတယ်ဗျ ။

commentinfo By: X - ray at Feb 10, 2012
Comment #3

:”(
:'(

commentinfo By: ei lay at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment