Professional Authors

“ချစ်တတ်ခြင်း၌ နှိုးနေလျက် အိပ်ငိုက်နေသောသူ …”

သောက်သုံးခဲ့ရတဲ့
နွေပေါင်းမနည်းတော့ဘူး …
အာခေါင်တခုလုံး မွှန်စပ်နေပြီ …
မြေပြင်ကြီးက အားမနာတမ်းနဲ့ အပူပြင်းဆုံး …
အပြာရောင်တောက်လောင်မှုတွေကို
အန်ထုတ်ဆဲ …အန်ထုတ်မြဲ …

ကောင်းကင်ကြီးကလည်း …
ဆောင်းကို …
သိုဝှက်လို့ကောင်းတုန်း …
ရင်ထဲမှာတော့ …
မွန်းတည်းလို့ မဆုံးနိုင်ဘူး …ဆိုတာ
ခြေလှမ်းတွေ နှစ်ယောက်အတူလင်းဖို့
ပန်းတိုင်ဆီ …
ကျွန်တော့်လက်ကို…
တယုတယကိုင်ခဲ့တဲ့ သူ …
သိနိုင်မလား …

မိုးဖြိုင်တဲ့ ကောင်းကင်တွေ …
ယိုယွင်းပေါက်ပြဲခဲ့တာ …
သူ …နဲ့
ဝေးသွားကတည်းက …

သူ …နဲ့
ပတ်သက်ပြီး …
မျက်လုံးဖွင့်လျက်အိပ်ပါရစေ …
ရွာချစရာမိုးစက်တွေ မရှိတော့လောက်အောင် …
(သူမရှိတဲ့)ဒီမျက်ဝန်း လောင်ကျွမ်းတော့မယ် …
သူ …
မရှိတော့နဲ့ နေ့ကစပြီး …
အခုချိန်ထိ …

ဩော် …
သူ…နဲ့
ပတ်သက်ပြီး …
မျက်လုံးဖွင့်လျက် အိပ်ပါရစေလား …

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

for u

commentinfo By: wintun at Sep 21, 2010
Comment #2

သူ …နဲ့
ပတ်သက်ပြီး …
မျက်လုံးဖွင့်လျက်အိပ်ပါရစေ …
ရွာချစရာမိုးစက်တွေ မရှိတော့လောက်အောင် …
(သူမရှိတဲ့)ဒီမျက်ဝန်း လောင်ကျွမ်းတော့မယ် …

arr pay nay mal..ta kal kg tal

commentinfo By: အသဲကွဲမိုး at Nov 22, 2010
Comment #3

ကောင်းကင်ကြီးကလည်း …
ဆောင်းကို …
သိုဝှက်လို့ကောင်းတုန်း …
ရင်ထဲမှာတော့ …
မွန်းတည်းလို့ မဆုံးနိုင်ဘူး …
…………………………………………………ကောင်းပါတယ်ဗျာ

commentinfo By: moehtetaung18 at Nov 22, 2010
Comment #4

ခါးတယ်ဗျာ
တကယ်ခါးတယ်…
ပူပူလောင်လောင်ကိုခါးတယ်
ခံစားချက်ကို စာနာပါတယ်…
ပြန်ဆုံဆည်းရပါစေလို့ ဆုတောင်းပေးပါတယ်။

commentinfo By: ကိုဇင် at Nov 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment