Professional Authors

နွေငြီးသံ

ကြည့်လေရာမြင်ကွင်း

ပူပြင်းပြာမှုံမြူနဲ့

ဆိုးတဲ့လေပူတို့သာ လမ်းသလားနေ …

 

ရွှေအိုရောင်ရွက်ခြောက်

ကွေ့ကောက်သစ်ပျိုပင်တို့ကြား

ရှင်သန်နိုင်မယ့် အရိပ်ဆိုတာ

ဟို… အဝေးမှာပြေးနေတဲ့ တိမ်တလိပ်ပဲ …

 

ပတ်ကြားအက်ပေါ်ကျောခင်း

ငိုက်စင်းမြက်ပြင်ကကြည့်

ငါ့အဖို့လည်း သောက်စရာရေမရှိ

ဝမ်းဗိုက်ဟောက်ပတ်နဲ့ စမ်းချောင်းက ကရုဏာသက်မိ ….

 

ရေကို နွေကသောက်

အရိပ်ကို နေကခြောက်တော့

လူတွေလည်း ရေနဲ့အရိပ်နောက် တကောက်ကောက် …

 

နွေကိုမကြောက် နေပြောက်တွေအောက်

လျှောက်ရတဲ့ ဘ၀တွေအတွက်

နွေကဒဏ်ခတ် ကျောပြင်ထက်

နေရဲ့လက်ချက်တွေ ပွက်ပွက်နီနေ…

 

စီးမျှောနေသော ရာသီအသွင်ဖန်ဆင်း

လူ့စိတ်ရင်းကိုရူးအောင် ဖောက်ဖျတ်

လူတို့ကတဲ့ဇာတ်ကို

ပွတ်ဆူညံစေသည်…

မာန်နတ်ရဲ့တမန် ဖြစ်မည်…

မင်း… အမြန်ပြန်ပါတော့ နတ်ဆိုးရာသီ … ။   ။

 

လှိုင်မျိုး

June 09,2012

In: ကဗျာ Posted By: Date: Jun 12, 2012
Comment #1

ဒီကဗျာထဲမှာ တကယ်ကို ပူပြင်းခြောက်သွေ့သွားတယ်

commentinfo By: နတ်သမီး at Jun 15, 2012
Comment #2

မင်း… အမြန်ပြန်ပါတော့ နတ်ဆိုးရာသီ

တစ်ပုဒ်လုံးကြိုက်တယ် ကို လှိုင်မျိုးရေ အားပေးသွားတယ်

commentinfo By: sone.pyuu at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment